နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သွားရောက်ဖူးမြော်ပြီး နွေရာသီ ရေအခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခြင်း

၂၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီဌာနသို့ ရောက်ရှိပြီး နွေရာသီဆည်ရေရရှိမှု အခက်အခဲ ဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ပွင့်စေတီနှင့်တရားစခန်းသို့ ၆ လက်မ […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ကျင်းပပြုလုပ်သည့် (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြည်ညိုခြင်း

၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ “(၁၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနား” ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန၏ မဟာဗောဓိစေတီတော်ကြီးတွင်ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည်ညို

၆-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင်  ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီတော်ကြီးတွင်“အဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဌာန်းဖွင့်ပွဲအခမ်းအနား” ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)  ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊  နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်ကြီး ၅ […]

» Read more

ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှု လှူဒါန်းခြင်းရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

၁-၁-၂၀၂၁၊ ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှုလှူဒါန်းခြင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ၁-၁-၂၀၂၁ ရက်နေ့၊ ၀၇ ၀၀ အချိန်တွင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ အပေါ်ထပ်ဘုရား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ ပထမပြန်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ကချင်ပြည်နယ်သာသနာရေးမှူးရုံး၊ မြစ်ကြီးနားမြို့၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ကချင်ပြည်နယ်သာသနာရေးမှူးရုံး၏ (၆၁.၅’×၅၁’×၄၂၅’) ၄ ခန်းတွဲ RC ၄ ထပ် ဆောက်လုပ်ခြင်း ရေ၊ မီး၊ မိလ္လာ၊ ခြံစည်းရိုး၊ (၃၄၀’×၆’) Brick + Chain Link အပါအဝင် ဝန်ထမ်းအိမ်ရာ အဆောက်အဦကို မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ […]

» Read more

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်

၃၁-၁၀-၂၀၂၀ ၊ ရန်ကုန်           မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ Covid-19 ကပ်ရောဂါဘေးကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ (၃၁-၁၀-၂၀၂၀ ရက်နေ့)၊ ၀၇ ၂၀ အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၂၇-၁၀-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက်၊ ဓမ္မဝိဇယဗိမာန်တော်၌ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတမထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါးကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၂၄-၁၀-၂၀၂၀ ရက်‌နေ၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီး […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၂၃-၁၀-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ နန်းဦးကျောင်းတိုက်၊ ဓမ္မာရုံကြီး၌ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ကြပြီးသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ […]

» Read more
1 9 10 11 12