သာသနာရေးဦးစီးဌာန၏ လုပ်ငန်းစဉ်

သာသနာရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ

(က)

နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများဖြစ်သည့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုနှင့် အခြားဘာသာများအား တတ်နိုင်သမျှ စောင့်ရှောက်ရန်၊

(ခ)

နှစ်သက်ရာ ဘာသာတရားကိုးကွယ်ခွင့်နှင့် တစ်ဘာသာနှင့်တစ်ဘာသာ ထိခိုက် ပုတ်ခတ်မှုမရှိလျှင် ဘာသာ သာသနာကိစ္စ ဆောင်ရွက်ခြင်းကို အားပေးကူညီရန်၊

(ဂ)

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် အလားတူအဖွဲ့များ၏ ဆွေးနွေးပွဲများနှင့် မှန်ကန်သော ဆောင်ရွက်မှုများကို အားပေးကူညီရန်၊

(ဃ)

သာသနာရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ဘာသာရေးအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ဆက်ဆံခြင်း၊ ဘာသာရေးအခမ်းအနားများသို့ အခါအားလျော်စွာ တက်ရောက်ခြင်းများကို ဆောင်ရွက်ရန်၊

(င)

ကိုးကွယ်သော ဘာသာအလိုက် ဘာသာရေးဆိုင်ရာ နေ့ကြီး ရက်ကြီးများကို ရုံးပိတ်ရက် သတ်မှတ်နိုင်ရန် အထက်အဖွဲ့အစည်းများသို့ တင်ပြပေးခြင်း၊ ဘာသာရေးဆိုင်ရာ ကျင်းပခွင့်ရရှိရေး၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(စ)

ဘာသာအသီးသီး၏ ပြင်ပ၌ကျင်းပပြုလုပ်သော ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပြိုင်ပွဲများ၊ interfaith များသို့ ဘာသာအသီးသီးမှ သတ်မှတ်ထားသည့် အရည်အချင်းမှီ ပုဂ္ဂိုလ်များ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊

(ဆ)

တစ်နိုင်ငံလုံးရှိ ဝါဆိုသံဃာစာရင်းနှင့် ဗုဒ္ဓဘာသာသီလရှင်စာရင်းများ၊ အခြားဘာသာ များ၏ အသင်းအဖွဲ့စာရင်းများကိုပြည့်စုံစွာ ထိန်းသိမ်းထားရှိရန်၊

(ဇ)

နိုင်ငံတော်ဆရာတော်ကြီးများအား နေ့စဉ်ဆွမ်းဆက်ကပ်ရေးကိစ္စ ဆရာတော်ကြီးများ၏ ကျန်းမာရေးကိစ္စ၊ သာသနာရေးဆိုင်ရာအစည်းအဝေးများ အခမ်းအနားများတွင် ဆွမ်းဆက်ကပ်ရေးကိစ္စများနှင့် အခြားသော ရုံးကိစ္စများကို တာဝန်ယူကြီးကြပ် ဆောင်ရွက်ရန်၊

(ဈ)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယက ကျောင်းဆောင်တွင် (၄)လ တစ်ကြိမ် အလှည့်ကျသီတင်းသုံးသည့် ၁၅-ပါးအဖွဲ့ခွဲ အပတ်စဉ် အစည်းအဝေး ကျင်းပခြင်း၊ (၄)လ တစ်ကြိမ် (၄၇)ပါး စုံညီအစည်းအဝေး ပြုလုပ်ခြင်း၊ တစ်နှစ်လျှင်တစ်ကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေး ပြုလုပ်ခြင်း၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပခြင်းတို့ကို စီမံဆောင်ရွက် ပေးရန်၊

(ည)

ဗဒ္ဓသိမ်သမုတ်ရန်ကိစ္စ၊ သာသနာ့မြေ လျှောက်ထားသည့်ကိစ္စများကို တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးအား စိစစ်၍ဆောင်ရွက်ရန်၊

(ဋ)

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့နွယ်ဝင် သီလရှင်အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်း၊ သံဃာ့အစည်းအဝေးများပြုလုပ်ခြင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်တင်ပြခြင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ ကျင်းပခြင်းတို့ကို ဆောင်ရွက်ရန်၊

(ဌ)

ဘုရားဂေါပကအဖွဲ့များ၏စာရင်းနှင့် ဂေါပကစည်းမျဉ်းများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ခြင်း၊ အခြားဘာသာများနှင့်ပတ်သက်သော ဘာသာရေးအဆောက်အဦများ စာရင်းပြုစု ထိန်းသိမ်းထားရှိရန်၊

(ဍ)

ဝိနိစ္ဆယမှုခင်းကိစ္စရပ်များ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် ကြီးကြပ်ကူညီဆောင်ရွက်ခြင်းနှင့် မှုခင်းများ လျော့နည်းကျဆင်းရေး စီမံ ဆောင်ရွက်ရန်၊

(ဎ)

ဝိနည်းဓမ္မကံမှုခင်းဆိုင်ရာ အမှုတွဲများကို မှုခင်းအလိုက် ဒေသအလိုက် စနစ်တကျ ထိန်းသိမ်းထားရှိရန်၊

(ဏ)

နိုင်ငံတော်သံဃမဟာနာယက စာကြည့်တိုက်အတွက် လိုအပ်သော ကျမ်းစာအုပ်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ငှားရမ်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရန်၊

(တ)

ပထမပြန်၊ ဓမ္မာစရိယ၊ တိပိဋကဓရ ရွေးချယ်ရေးနှင့် နိကာယ်စာမေးပွဲများ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို နှစ်စဉ်ကျင်းပနိုင်ရေးနှင့် စာဖြေဌာနဖွင့်လှစ်ခြင်း၊ လှို့ဝှက် မေးခွန်းထုတ်ခြင်း၊ အဖြေစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန်၊

(ထ)

တိပိဋကဓရစာအောင် သံဃာတော်များအား ဂုဏ်ပြုချီးကျူးပူဇော်ပွဲ ပြုလုပ်ရန်၊

(ဒ)

မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တစ်လှည့်စီ ကျင်းပ ခြင်းကို ဆောင်ရွက်ရန်၊

(ဓ)

စာမေးပွဲအောင်စာရင်းများ၊ စာဖြေစာအောင် သံဃာစာရင်းမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်၊

(န)

ဒေသတွင်း ပရိယတ္တိစာမေးပွဲဆိုင်ရာ သွင်း၊ ဖြေ စာရင်းများ စနစ်တကျရှိရေး၊ စာမေးပွဲ သန့်ရှင်း၍ စနစ်တကျရှိစေရေးအတွက် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(ပ)

ထေရဝါဒနှင့်ညီညွတ်သော စာအုပ်စာပေဖြစ်စေရန် စိစစ်ပေးခြင်းနှင့် ကိုးကွယ်ရာဘာသာ အလိုက် ဘာသာရေးစာမူများကို စိစစ်အတည်ပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန်၊

(ဖ)

ဆဋ္ဌသံဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာအုပ်များ၊ ပါဠိတော်မြန်မာပြန် ကျမ်းစာအုပ်များ၊ တိပိဋက ပါဠိ မြန်မာ အဘိဓာန်ကျမ်းများ၊ မဟာဗုဒ္ဓဝင်ကျမ်းများ၊ ဦးစီးဌာန ပညာရှင်များ ပြုစုထုတ်ဝေသော ကျမ်းစာအုပ်များ၊ စာသင်သားသုံး ပြဋ္ဌာန်း ကျမ်းစာအုပ်များကို ဆဋ္ဌသံဂါယနာမူမပျက် ထိန်းသိမ်းလျက် ပုံနှိပ်ထုတ်ဝေဖြန့်ချိ ရောင်းချရန်၊

(ဗ)

ပုံနှိပ်ဆိုင်ရာပစ္စည်းများ အလေအလွင့်မရှိအောင် တာဝန်ယူထိန်းသိမ်းခြင်း၊

(ဘ)

ပုံနှိပ်စက်ကိရိယာများ တာရှည်အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေး၊ ကြံ့ခိုင်ရေး လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်ရန်၊

(မ)

စာအုပ်စာတမ်းများ စျေးနှုန်းတွက်ချက် သတ်မှတ်အတည်ပြုခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်း၊ ငွေကြေးများ မှန်ကန်စွာ သုံးစွဲအပ်နှံခြင်းများကို ကြီးကြပ်ဆောင်ရွက်ရန်၊

(ယ)

e-Government စနစ်အောင်မြင်ရေးအတွက် ပရိယတ္တိစာမေးပွဲများသို့ ဝင်ရောက်ဖြေဆို သည့် သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ၏ ဝင်ခွင့်လွှာများ၊ အမှတ်စာရင်းများ၊ အောင်စာရင်းများကို Computerize ထိန်းသိမ်းဆောင်ရွက်ရန်၊

(ရ)

သာသနာ့ရောင်ခြည်စာစောင်ကို လစဉ် တည်းဖြတ် ပုံနှိပ်ထုတ်ဝေရန်၊

(လ)

တိပိဋက ပါဠိ မြန်မာ အဘိဓာန် အုပ်တွဲများ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ကျန်ရှိသော တိပိဋက ပါဠိ မြန်မာ အဘိဓာန်ကျမ်းကြီး အုပ်တွဲများ ပုံနှိပ်စာမူအဖြစ် ရရှိရေး၊ အဘိဓာန်အဖွဲ့ ဆရာတော်များအားလျှောက်ထား၍ ပုံနှိပ်မူကို ပုံနှိပ်တိုက်သို့အပ်နှံရန်၊

(ဝ)

သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ကျမ်းစာအုပ်များကို မူပိုင်အဖြစ် ထိန်းသိမ်း ထားရှိရန်၊

(သ)

ဆဋ္ဌသင်္ဂါယနာမူ ကျမ်းစာအုပ်များနှင့် အခြားကျမ်းစာအုပ်များအား ရိုက်နှိပ်ရာတွင် လိုအပ်သည့် ခေတ်နှင့်အညီ အဆင့်မီစက်ပစ္စည်းများ ဝယ်ယူရန်အတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ရန်၊

(ဟ)

ဦးစီးဌာနဖွဲ့စည်းပုံနှင့် အင်အားရေးဆွဲခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးအမိန့်များ၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းမှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်းတို့ကို ကြီးကြပ် ဆောင်ရွက်ရန်၊

(ဠ)

ဝန်ထမ်းများစည်းကမ်းနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြု ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ဖွင့်လှစ်သော ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် ဖောင်ကြီးသင်တန်းများ၊ စာရင်းကိုင်သင်တန်းအမျိုးမျိုး၊ ပင်စင်အထောက်အကူပြု သင်တန်းများ၊ e-Government နှင့် သက်ဆိုင်သည့် သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများနှင့် အခြားမွမ်းမံသင်တန်းများသို့ ဆက်စပ် သက်ဆိုင်သည့် ဌာနမှ ဝန်ထမ်းများကို ရွေးချယ်စေလွှတ်ရန်၊

(အ)

နိုင်ငံတော်မူဝါဒများနှင့်အညီ စီမံကိန်း၊ စီမံချက်များရေးဆွဲရာတွင် ကြီးကြပ်ဆောင်ရွက် ရန်၊

(ကက)

ဦးစီးဌာနတစ်ခုလုံး၏ သာမန်၊ ငွေလုံးငွေရင်းနှင့် ထောက်ပံ့ငွေအသုံးစရိတ်များကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ရရှိသုံးစွဲရေး ဆောင်ရွက်ရန်၊

(ခခ)

နိုင်ငံတော်ရှိ ကိုးကွယ်ရာ ဘာသာကြီးများသို့ ခေတ်ကာလနှင့်လျော်ညီစွာ ထောက်ပံ့ လှူဒါန်းနိုင်ရေး ဆောင်ရွက်ရန်၊

(ဂဂ)

e- Government ဆိုင်ရာ ကွန်ပျူတာမှတ်တမ်းလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်ခြင်း၊

(ဃဃ)

တိုင်းဒေသကြီး / ပြည်နယ်သာသနာရေးမှူးများက ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုနှင့်အညီ ဘာသာသာသနာကိစ္စများ ဆောင်ရွက်ရန်၊

(ငင)

တိုင်းဒေသကြီး / ပြည်နယ်သာသနာရေးမှူးများအား သာသနာရေးဦးစီးဌာန(ရုံးချုပ်) ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြီးကြပ်မြှင့်တင် ဆောင်ရွက်ရန်၊

(စစ)

ဒေသတွင်းအရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အထက်ဌာနသို့ အလျင်အမြန် သတင်း ပေးပို့၍ ညွှန်ကြားမှု ခံယူဆောင်ရွက်ရန်၊

(ဆဆ)

ဒေသတွင်း ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စများတွင် သက်ဆိုင်ရာ အဖွဲ့များ အကူအညီရယူ၍ တာဝန်ခံဆောင်ရွက်ရန်၊

(ဇဇ)

သံဃာ့အဖွဲ့အစည်းဆုံးဖြတ်ချက်၊ ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရာတွင် ဒေသလုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊

(ဈဈ)

ဒေသအတွင်းရှိ ဝါဆိုသံဃာစာရင်း၊ ကျောင်းတိုက်စာရင်း၊ အဆောက်အဦစာရင်းများ Update ဖြစ်နေစေရေး စီမံဆောင်ရွက်ရန်၊

(ညည)

ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အခြားဘာသာခေါင်းဆောင်များသို့ ဆရာဒကာ ရင်းနှီးမှု၊ မိတ်ဆွေ ရင်းနှီးမှု ရယူထားရန်၊

(ဋဋ)

မိမိရုံးအဆောက်အဦနှင့်တကွ လက်အောက်ရုံးများ၏ အခြေအနေကို စီမံကြီးကြပ်၍ ရုံးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်၊

(ဌဌ)

ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်ကြီး၊ ကျောင်းဆောင်ကြီး (၄)ဆောင်၊ ဆွမ်းစားကျောင်းဆောင်နှင့် သံဃာ့ဆေးရုံတို့ကို မူလပုံစံမပျက် ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ရန်၊

(ဍဍ)

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်၊ ဝိဇယမင်္ဂလာဓမ္မသဘင် နှင့် မဟာနာယကကျောင်းတော်ကြီးတို့ကို ထိန်းသိမ်း ပြုပြင်စောင့်ရှောက်ရန်၊

(ဎဎ)

ပုဂံအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓဓမ္မသဘင် အဆောက်အဦများကို စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ပခုက္ကူမြို့၊ တောင်ဇလပ် လူငယ်ပျိုးခင်း သင်တန်းကျောင်း ကို စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ရန်။