နိုင်ငံတော်အဆင့်

နိုင်ငံတော်အဆင့်

–   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့

–   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

–   နိုင်ငံတော်သြဝါဒါစရိယအဖွဲ့

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့

၁။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆိုသည်မှာ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီး၌ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များက ဆန္ဒပေးရွေးချယ်ထားသော နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်များ ပါဝင်ဖွဲ့စည်းထားသော သံဃာ့အဖွဲ့ကို ဆိုသည်။ (သံ/စည်း၊ ၂-တ)

၂။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၏ သက်တမ်းသည် နိုင်ငံတော်သံဃမဟာနာယကအဖြစ် ရွေးချယ်ခံရသည်အထိ ဖြစ်သည်။ (သံ/စည်း၊ ၈၅)

၃။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးသို့ တက်ရာက်လာသော သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်များထဲမှ ဆရာတော် ၂၀၀-ပါးမှ ၃၀၀-ပါး အထိ ပါဝင်စေ၍ ဖွဲ့စည်းရမည်။ (သံ/လုပ်ထုံး၊ ၄)

၄။

သက်ဆိုင်ရာ အခြေခံဒေသ/ သက်ဆိုင်ရာမြို့နယ်မှ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များက ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးသို့ တက်ရောက်လာသည့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များထဲမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ ဂိုဏ်းအလိုက် သတ်မှတ် ပေးသော အချိုးအတိုင်း နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင်များကို ရွေးချယ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ အတည်ပြုချက်ကို ရယူရမည်။ (သံ/လုပ်ထုံး၊ ၆၅)

၅။

တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ဂိုဏ်းအလိုက်ရွေးချယ်ရမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အချိုးအစားကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီး ကျင်းပရေးအဖွဲ့နှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့တို့ ပူးတွဲကျင်းပသည့် အစည်းအဝေးက သတ်မှတ်ရမည်။ (သံ/လုပ်ထုံး၊ ၆၆)

၆။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အချိုးအစားကို သတ်မှတ်ရာတွင် သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ် နည်းပါးမှုကြောင့် အချိုးမမီပါက တစ်ဂိုဏ်းလျှင်(၁)ပါး၊ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလျှင်(၁)ပါးကျစီ သတ်မှတ်ရွေးချယ်ရမည်။ (သံ/လုပ်ထုံး၊ ၆၇)

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၏ အရည်အချင်းများ

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်သည် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်၏ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံရမည့်အပြင် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။ (သံ/လုပ်ထုံး၊ ၆၈)

(က)

သိက္ခာတော် အနည်းဆုံး(၂၀)ဝါမှ (၅၅)ဝါရှိရမည်၊

(ခ)

မိမိအပေါ် ကျရောက်လာသော တာဝန်များကို ဧကန်မုချဆောင်ရွက်နိုင်သောပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဂ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အမြဲသီတင်းသုံးနေထိုင်သောပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဃ)

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)

လောက၊ ဓမ္မနှစ်ဌာနတို့တွင် ဓမ္မကိုသာ အလေးပေးဆောင်ရွက်လေ့ရှိသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(စ)

သံဃာ့ဂိုဏ်းအားလုံးကို စုစည်းညီညွတ်စေလိုသော ဆန္ဒရှိရမည်၊

(ဆ)

အစိုးရ ဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ တက္ကသီလ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ တစ်ခုခုကို အောင်မြင်ရမည်။

(ခြွင်းချက်)   ယင်းဘွဲ့ရပုဂ္ဂိုလ်များမရှိပါက အခြားသင့်လျော်သော ပုဂ္ဂိုလ်ကို ရွေးချယ် ရမည်။

 

နိုင်ငံ​တော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များစာရင်းချုပ်

တိုင်းဒေသကြီး/ ပြည်နယ် သုဓမ္မာ ရွှေကျင် မဟာဒွါရ မူလဒွါရ ဝေဠုဝန် အနောက် ချောင်းဒွါရ မဟာရင် ငှက်တွင်း ကူးတို့ စုစုပေါင်း
ကချင်
ကယား
ကရင်
ချင်း
စစ်ကိုင်း ၂၄ ၂၇
တနင်္သာရီ
ပဲခူး(ရ) ၁၅ ၁၇
ပဲခူး(န)
မကွေး ၁၇ ၁၈
မန္တလေး ၄၃ ၄၇
မွန် ၁၆ ၁၇
ရခိုင်
ရန်ကုန် ၃၂ ၃၉
ရှမ်း(တ)
ရှမ်း(မ)
ရှမ်း(ရ)
ဧရာဝတီ ၂၀ ၂၇
ပရဒေသီ
စုစုပေါင်း ၂၂၂ ၂၁ ၂၅၃

 

Next page