သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ကချင်ပြည်နယ်သာသနာရေးမှူးရုံး၊ မြစ်ကြီးနားမြို့၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ကချင်ပြည်နယ်သာသနာရေးမှူးရုံး၏ (၆၁.၅’×၅၁’×၄၂၅’) ၄ ခန်းတွဲ RC ၄ ထပ် ဆောက်လုပ်ခြင်း ရေ၊ မီး၊ မိလ္လာ၊ ခြံစည်းရိုး၊ (၃၄၀’×၆’) Brick + Chain Link အပါအဝင် ဝန်ထမ်းအိမ်ရာ အဆောက်အဦကို မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ၀.၀၅၅ ဧကရှိ မြေပေါ်တွင် ဆောက်လုပ်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူအပ်ပါသည်။

သာသနာရေးဦးစီးဌာန