နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သွားရောက်ဖူးမြော်ပြီး နွေရာသီ ရေအခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခြင်း

၂၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီဌာနသို့ ရောက်ရှိပြီး နွေရာသီဆည်ရေရရှိမှု အခက်အခဲ ဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ပွင့်စေတီနှင့်တရားစခန်းသို့ ၆ လက်မ PPC ပိုက် ၁၇၁၀ ပေ၊ ဖွား၊ ဟော၊ စံစေတီသို့ ၂၁၄၀ ပေ၊ ၄၀၀ ဗို့အားလိုင်း ၁၂၄၀ ပေ အသစ်သွယ်တန်းခြင်းနှင့် မြင်းကောင်ရေ ၃၀ အားနှင့် ၅၀ အား မော်တာတို့ ထားရှိမည့် ရေပေါ်အိမ် တည်ဆောက်မည့်လုပ်ငန်းတို့ကို ကြည့်ရှုခဲ့ပါသည်။

          အဆိုပါလုပ်ငန်းကို တာဝန်ယူဆောက်လုပ်မည့် Han Sein Thant Company Ltd. မှ ရှင်းလင်း ပြီးနောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ခန့်တွင် လက်ရှိ မော်တာ ထားရှိမည့် နေရာနှစ်ခု၌ ရေခန်းခြောက်လာမည်ဖြစ်၍ အမြန်ဆုံးဆောင်ရွက်သင့်ပါကြောင်း ဖြည့်စွတ်တင်ပြခဲ့ပါသည်။

          ယင်းနောက် စေတီလေးဆူကို လိုက်လံကြည်ညိုဖူးမြော်ပြီး COVID-19 ထိန်းချုပ်နိုင်ချိန် ဘုရားဖူး ပြန်လည်ဖွင့်လစ်ပါက ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြော်နိုင်ရေးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံစေတီ ဌာနဝန်းအတွင်း စိမ်းလန်းစိုပြေစေရန် စိုက်ပျိုးထားရှိသော အပင်များကို ဂရုစိုက်ပျိုးထောင်ရေး၊ (ဟော) စေတီဝန်းအတွင်း၌ ပျက်ဆီးနေသော အခင်းကျောက်ပြားများကို အမြန်ဆုံးပြန်လည်ပြုပြင်ရေးနှင့် တောမီးလောင်ကျွမ်းခြင်းတို့ မရှိစေရေး၊ မယ်တော်မာယာ ရေသန့်စင်သည့် ကန်တော်ရှိရေများ အမြဲမပျက် ရေသန့်စင်ရေးတိုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန