ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှု လှူဒါန်းခြင်းရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ


၁-၁-၂၀၂၁၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှုလှူဒါန်းခြင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ၁-၁-၂၀၂၁ ရက်နေ့၊ ၀၇ ၀၀ အချိန်တွင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ အပေါ်ထပ်ဘုရား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ ပထမပြန်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ (မော်ကျွန်း)၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ Mother Construction Company ဥက္ကဋ္ဌ ဦးအောင်မြတ်၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျှင်မြို့၊ ပထမပြန် မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အကြီးအကဲများနှင့်အလှူရှင်များက အမွှေးနံ့သာရည် များ ပက်ဖြန်းခဲ့ကြပါသည်။
ထို့နောက် ရေစက်ချအခမ်းအနားကို ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံအပေါ်ထပ်ဘုရားခန်း၌ ဆက်လက် ကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျှင်မြို့၊ ပထမပြန်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များရွတ်ပွားချီးမြှင့်တော်မူအပ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီးဆောက်လုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီးတို့ကို အသစ်ကဲ့သို့ အကြီးစားပြင်ဆင်ခဲ့ရာ ကျပ်သိန်းပေါင်း ၃၅၀၀ ခန့် ပြုပြင် ဆောင်ရွက်ခဲ့ပြီး သာသနာတော်အား လှူဒါန်းခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျှင်မြို့၊ ပထမပြန် မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို (၀၈:၃၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန