မြို့နယ်အဆင့်

မြို့နယ်အဆင့်

–    မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့

 –    မြို့နယ်သံဃနာယကအဖွဲ့

 –    မြို့နယ်သြဝါဒါစရိယအဖွဲ့

 

မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့

 

၁။

မြို့နယ်သံဃာ့ဝန်ဆောင်ဆိုသည်မှာ ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်များကသော် လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကျောင်း/ကျောင်းတိုက် ရဟန်းတော်များ၏ အရေ အတွက်ပေါ်မူတည်၍ ယင်းရဟန်းတော်များက သော်လည်းကောင်း ရွေးချယ်တင်မြှောက်သော သံဃာ့ဝန်ဆောင်များကို ဆိုသည်။ (သံ/စည်း၊၂-ည)

၂။

ရပ်ကွက်/ကျေးရွာအုပ်စု တစ်ခုအတွင်းရှိ ရဟန်းတော်များသည် မိမိတို့အထဲမှ မြို့နယ်သံဃာ့ ဝန်ဆောင်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်/ရွေးချယ်ကြရမည်။ (သံ/စည်း၊၂၃)

၃။

မြို့နယ်သံဃာ့ဝန်ဆောင်များ၏ အစည်းအဝေးကို အနည်းဆုံး ၁နှစ် ၁ကြိမ် ကျင်းပရမည်။ (သံ/စည်း၊၅၉)

၄။

မြို့နယ်သံဃနာယကအဖွဲ့သည် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကျင်းပမည့်နေ့ရက်ကို သတ်မှတ်ပေးရမည်။ (သံ/စည်း၊၆၀)

၅။

မြို့နယ်သံဃာ့ဝန်ဆောင်များ၏ သက်တမ်းပြည့်အစည်းအဝေးကို မြို့နယ်သံဃနာယကအဖွဲ့ ဟောင်းက ဦးဆောင်ပါဝင်၍ ကျင်းပရမည်။ (သံ/စည်း၊၆၁)

၆။

မြို့နယ်သံဃာ့ဝန်ဆောင်၏ သက်တမ်းသည် မြို့နယ်သံဃာ့ဝန်ဆောင်အသစ်ကို ရွေးချယ်ပြီး သည်အထိ ဖြစ်သည်။(သံ/စည်း၊၈၃)

၇။

ရပ်ကွက်/ကျေးရွာအုပ်စု တစ်ခုအတွင်း၌ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များကို ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖော်ပြလတ္တံ့ပါအတိုင်း သတ်မှတ်/ရွေးချယ်ကြရမည်-

ရပ်ကွက်/ကျေးရွာအုပ်စု တစ်ခုအတွင်း၌-
(က)

ကျောင်း(၁)ကျောင်းသာရှိလျှင် ကျောင်းထိုင်ဆရာတော်၊ ထိုကျောင်းထိုင်ဆရာတော် မစွမ်းဆောင်နိုင်သဖြင့် တာဝန်လွှဲအပ်ခံရသော ခန်းနေရဟန်းတော်သည် အလို အလျောက် မြို့နယ်သံဃာ့ဝန်ဆောင်ဖြစ်သည်ဟု မှတ်ယူရမည်၊

(ခ)

ကျောင်း(၂)ကျောင်း/ (၃)ကျောင်းရှိလျှင် ထိုကျောင်းထိုင်ဆရာတော်များထဲမှ သိက္ခာ အကြီးဆုံးဆရာတော်/   စွမ်းဆောင် နိုင်သောဆရာတော်သည် မြို့နယ်သံဃာ့ဝန်ဆောင် ဖြစ်သည်ဟု မှတ်ယူရမည်၊

(ဂ)

ကျောင်း(၄)ကျောင်း/(၄)ကျောင်းအထက်ရှိလျှင် ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက အဖွဲ့၏ ဥက္ကဋ္ဌ/အကျိုးတော်ဆောင်ဆရာတော်သည် မြို့နယ်သံဃာ့ဝန်ဆောင် ဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ)

ရပ်ကွက်/ကျေးရွာအုပ်စုသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(သို့) အကျိုးတော်ဆောင်ဆရာတော် ကို မြို့နယ်သံဃာ့ဝန်ဆောင်အဖြစ် ရွေးချယ်ခံရသော ဆရာတော်သည် မြို့နယ် သံဃနာယကအဖြစ် ရွေးချယ်ခြင်းခံရပါက ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက အဖွဲ့မှ အလိုအလျောက် နုတ်ထွက်ပြီးဖြစ်သည်၊

(င)

ကျောင်းထိုင်နှင့်တကွ ခန်းနေ ရဟန်းအရေအတွက် ၅ ပါး/ ၅ပါးအထက်ရှိလျှင် နောက်ဆက်တွဲ ဇယား(၂)အရ မြို့နယ်သံဃာ့ဝန်ဆောင်ကို အချိုးကျ ရွေးချယ်ကြ ရမည်။(သံ/လုပ်ထုံး၊ ၃၃)

၈။

မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များသည် ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုကိုခံယူ၍ မြို့နယ်သံဃနာယကအဖွဲ့ကို မိမိတို့အထဲမှာ နောက်ဆက်တွဲဇယား(၃)အရ ရွေးချယ်ဖွဲ့စည်းကြ ရမည်။(သံ/လုပ်ထုံး၊ ၃၄)

နောက်ဆက်တွဲဇယား(၂)

ရပ်ကွက်/ကျေးရွာအုပ်စုတစ်ခုအတွင်းရှိ ရဟန်းသံဃာအရေအတွက်ပေါ်မူတည်၍

မြို့နယ်သံဃာ့ဝန်ဆောင် ရွေးချယ်ပုံ

အမှတ်စဉ် ရပ်ကွက်/ကျေးရွာအုပ်စု တစ်ခုအတွင်းရှိ ရဟန်းသံဃာအရေအတွက် မြို့နယ်သံဃာ့ဝန်ဆောင် အချိုးကျ ရွေးချယ်ပုံ
ရဟန်း ၅ ပါးမှ ၂၅ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၁ပါး
ရဟန်း ၂၆ ပါးမှ ၅၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၂ပါး
ရဟန်း ၅၁ ပါးမှ ၁၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၃ပါး
ရဟန်း ၁၀၁ ပါးမှ ၂၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်                ၄ပါး
ရဟန်း ၂၀၁ ပါးမှ ၃၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၅ပါး
ရဟန်း ၃၀၁ ပါးမှ ၄၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၆ပါး
ရဟန်း ၄၀၁ ပါးမှ ၅၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၇ပါး
ရဟန်း ၅၀၁ ပါးမှ ၆၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၈ပါး
ရဟန်း ၆၀၁ ပါးမှ ၇၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၉ပါး
၁၀ ရဟန်း ၇၀၁ ပါးမှ ၈၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၁၀ပါး
၁၁ ရဟန်း ၈၀၁ ပါးမှ ၉၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၁၁ပါး
၁၂ ရဟန်း ၉၀၁ ပါးမှ ၁၀၀၀ပါးရှိလျှင် မြို့နယ်ဝန်ဆောင်               ၁၂ပါး
၁၃ ရဟန်း ၁၀၀၁ ပါးမှ အထက်ရှိလျှင် မြို့နယ်ဝန်ဆောင်               ၁၃ပါး

နောက်ဆက်တွဲဇယား(၃)

မြို့နယ်သံဃာ့ဝန်ဆောင်များမှ မြို့နယ်သံဃနာယကရွေးချယ်ဖွဲ့စည်းပုံ

 

အမှတ်စဉ် မြို့နယ်သံဃာ့ဝန်ဆောင် အဖွဲ့ဝင်ဦးရေ မြို့နယ်သံဃနာယက
ဝန်ဆောင် ၄ပါးရှိလျှင် ၄ ပါး ၁+၁+၂
ဝန်ဆောင် ၅ပါးမှ ၂၅ပါးရှိလျှင် ၅ ပါး ၁+၁+၂
ဝန်ဆောင် ၂၆ပါးမှ ၅၀ပါးရှိလျှင် ၇ ပါး ၁+၁+၂
ဝန်ဆောင် ၅၁ပါးမှ ၇၅ပါးရှိလျှင် ၉ ပါး ၁+၁+၂
ဝန်ဆောင် ၇၆ပါးမှ ၁၀၀ပါးရှိလျှင် ၁၁ ပါး ၁+၁+၂
ဝန်ဆောင် ၁၀၁ပါးမှ ၁၅၀ပါးရှိလျှင် ၁၃ ပါး ၁+၁+၂
ဝန်ဆောင် ၁၅၁ပါးမှ အထက်ရှိလျှင် ၁၅ ပါး ၁+၁+၂

 

 Next page