ဓမ္မာစရိယစာမေးပွဲ
ဓမ္မာစရိယစာမေးပွဲကို ၁၂၉၉-ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ပြဋ္ဌာန်းကျမ်းစာများ-
(က) ပါရာဇိကကပဏ္ဍပါဠိ(အနက်ပေး) (ပထမနေ့)
( ခ) ပါရာဇိကကဏ္ဍအဋ္ဌကထာ(အဓိပ္ပါယ်) (ဒုတိယနေ့)
( ဂ) သီလက္ခန္ဓဝဂ္ဂပါဠိ(အနက်ပေး) (ပထမနေ့)
(ဃ) သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ(အဓိပ္ပါယ်) (ဒုတိယနေ့)
( င) ဓမ္မသင်္ဂဏီပါဠိ(အနက်ပေး) (ပထမနေ့)
( စ) ဓမ္မသင်္ဂဏီအဋ္ဌကထာ(အဓိပ္ပါယ်) (ဒုတိယနေ့)
မြန်မာဂုဏ်ထူးကျမ်း (၇)ကျမ်း
ပါစိတျာဒိပါဠိအဋ္ဌကထာ
သုတ်မဟာဝါ၊ သုတ်ပါထေယျပါဠိအဋ္ဌကထာ
မဇ္စျိမနိကာယပါဠိအဋ္ဌကထာ
သံယုတ္တနိကာယပါဠိအဋ္ဌကထာ
အင်္ဂုတ္တရနိကာယပါဠိအဋ္ဌကထာ
အဘိဓမ္မာဝိဘင်္ဂါဒိအဋ္ဌကထာ
ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ
ပါဠိဂုဏ်ထူး (၃)ကျမ်း
ပါစိတျာဒိပါဠိအဋ္ဌကထာ (ပထမနေ့)
ပါစိတျာဒိပါဠိအဋ္ဌကထာ (ဒုတိယနေ့)
သုတ်မဟာဝါသုတ်ပါထေယျပါဠိအဋ္ဌကထာ (ပထမနေ့)
သုတ်မဟာဝါသုတ်ပါထေယျပါဠိအဋ္ဌကထာ (ဒုတိယနေ့)
အဘိဓမ္မာဝိဘင်္ဂါဒိအဋ္ဌကထာ (ပထမနေ့)
အဘိဓမ္မာဝိဘင်္ဂါဒိအဋ္ဌကထာ (ဒုတိယနေ့)
စာမေးပွဲကျင်းပရက်မှာ ကျမ်းရင်း(၃)ကျမ်း (၆)ရက်၊ မြန်မာဂုဏ်ထူး(၁)ရက်နှင့် ပါဠိဂုဏ်ထူး (၂)ရက် စုစုပေါင်း (၉)ရက် ကျင်းပပါသည်။
ဓမ္မာစရိယစာမေးပွဲကို နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ (၄)နာရီဖြေဆိုရပြီး အောင်မှတ် မှာ ၆၅% ဖြစ်သည်။
စာမေးပွဲဝင်ခွင့်တောင်းခြင်း၊ ဝင်ခွင့်လက်မှတ်ပေးခြင်း၊ မေးခွန်းထုတ်ဆင်ခြင်း၊ အောင်စာရင်း ဆိုင်ရာနှင့် မဟာဘွဲ့နှင်းသဘင်လုပ်ငန်းများကို ပထမပြန်စာမေးပွဲနည်းတူ အဆင့်ဆင့် အချိန်ကာလ တပြေးညီ ဆောင်ရွက်ပါသည်။
ကျမ်းရင်းသုံးကျမ်းအောင် ပုဂ္ဂိုလ်များအနက် အမှတ်အများဆုံးပုဂ္ဂိုလ်အား အဂ္ဂမဟာ အကျော် ဘွဲ့နှင့် ဓမ္မာစရိယ ဒုတိယ၊ တတိယ ရွေးချယ်ချီးမြှင့်ပါသည်။
ဘွဲ့တံဆိပ်အောင်လက်မှတ်နှင့် ဆုတော်ငွေများလှူဒါန်းခြင်း
(က) ဓမ္မာစရိယကျမ်းရင်းသုံးကျမ်းအောင်မြင်ပါက “သာသနဓဇဓမ္မာစရိယ” ဘွဲ့တံဆိပ်တော် အောင်လက်မှတ်နှင့်စာအောင်ဆုငွေ ၇၂၀ဝိ/- လှူဒါန်းခဲ့ပါသည်။
( ခ) ကျမ်းရင်းသုံးကျမ်းနှင့် မြန်မာဂုဏ်ထူး တစ်ကျမ်းကျမ်းကို အောင်မြင်ပါက “သာသနဓဇ သိရီပ၀ရဓမ္မာစရိယ” ဘွဲ့တံဆိပ်တော် အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ၄၈၀ဝိ/- လှူဒါန်းခဲ့ပါသည်။
( ဂ) ကျမ်းရင်းသုံးကျမ်းနှင့် ပါဠိဂုဏ်ထူးကျမ်းကို အောင်မြင်ပါက အောင်မြင်သော ကျမ်းအလိုက်-
(၁) “သာသနဓဇဓမ္မာစရိယဝိနယပါဠိပါရဂူ”
ဘွဲ့တံဆိပ်တော်အောင်လက်မှတ်၊ စာအောင်ဆု ၇၂၀ဝိ/-။
(၂) “သာသနဓဇဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ”
ဘွဲ့တံဆိပ်တော်အောင်လက်မှတ်၊ စာအောင်ဆု ၇၂၀ဝိ/-။
(၃) “သာသနဓဇဓမ္မာစရိယအဘိဓမ္မပါဠိပါရဂူ” ဘွဲ့တံဆိပ်တော်အောင်လက်မှတ်၊ စာအောင်ဆု ၇၂၀ဝိ/-တို့ကို ဆက်ကပ်လှူဒါန်းပါသည်။
(ဃ) ကျမ်းရင်းသုံးကျမ်းနှင့် ပါဠိမြန်မာဂုဏ်ထူးတစ်ကျမ်းစီကို တစ်နှစ်တည်း တစ်ပြိုင်နက် ငါးကျမ်းလုံးအောင်မြင်ပါက “ဓမ္မာစရိယမကုဋရံသီ” ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်တော် နှင့် စာအောင်ဆုလှူဒါန်းငွေတို့ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
ဓမ္မာစရိယစာမေးပွဲ စာဖြေဌာနများစာရင်း
စဉ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဓမ္မာစရိယ ၁ ကချင်ပြည်နယ် ၂ ၂ ကယားပြည်နယ် ၁ ၃ ကရင်ပြည်နယ် ၁ ၄ ချင်းပြည်နယ် – ၅ စစ်ကိုင်းတိုင်းဒေသကြီး ၄ ၆ တနင်္သာရီတိုင်းတိုင်းဒေသကြီး ၂ ၇ ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂ ၈ ပဲခူးတိုင်းဒေသကြီး(အနောက်) ၂ ၁၀ မကွေးတိုင်းဒေသကြီး ၃ ၉ မန္တလေးတိုင်းဒေသကြီး ၁၃ ၁၀ နေပြည်တော် – ၁၁ မွန်ပြည်နယ် ၅ ၁၂ ရခိုင်ပြည်နယ် ၁ ၁၃ ရန်ကုန်တိုင်းဒေသကြီး ၅ ၁၄ ရှမ်းပြည်နယ်(တောင်) ၂ ၁၅ ရှမ်းပြည်နယ်(မြောက်) ၁ ၁၆ ဧရာဝတီတိုင်းဒေသကြီး ၅ စုစုပေါင်း ၅ဝ