အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ

(က)   အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲ

                စတင်ကျင်းပသည့်နှစ် – မြန်မာသက္ကရာဇ် ၁၃၁၄-ခုနှစ် (၁၉၅၂)ခုနှစ်

ပြဋ္ဌာန်းကျမ်းစာမှာ – အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၊

(၁)     ပထမဆင့်    –    စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း။

(၂)     ဒုတိယဆင့် –    ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း။

(၃)     တတိယဆင့်  –     သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း။

 

 (ခ)    အဘိဓမ္မာဂုဏ်ထူးဆောင်(ဋီကာကျော်) စာမေးပွဲ

                စတင်ကျင်းပသည့်နှစ် – မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ် (၁၉၅၅)ခုနှစ်

ပြဋ္ဌာန်းကျမ်းစာများမှာ –   ဋီကာကျော် မြန်မာပြန်ကျမ်း၊

                (၁)     ပထမဆင့်    –    စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း။

(၂)     ဒုတိယဆင့်  –    ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း။

(၃)       တတိယဆင့်  –     သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း။

 

 (ဂ)    ဝိသုဒ္ဓိမဂ်စာမေးပွဲ

                စတင်ကျင်းပသည့်နှစ် – မြန်မာသက္ကရာဇ် ၁၃၁၉ ခုနှစ် (၁၉၅၇)ခုနှစ်

ပြဋ္ဌာန်းကျမ်းစာမှာ –

(၁)     ပထမဆင့်    –    သီလနိဒ္ဒေသပိုင်းအစမှအနုဿတိကမ္မဋ္ဌာနနိဒ္ဒေသပိုင်း အဆုံးအထိ။

(၂)      ဒုတိယဆင့်    –     ဗြဟ္မဝိဟာရနိဒ္ဒေသပိုင်း အစမှ ဣနြိယနိဒ္ဒေသပိုင်း အဆုံးအထိ။

(၃)     တတိယဆင့် –    ပညာဘူမိနိဒ္ဒေသပိုင်းအစမှပညာဘာဝနာနိဒ္ဒေသပိုင်း အဆုံး အထိ။

အဘိဓမ္မာ ဝိသုဒ္ဓိမဂ်စာမေးပွဲ အဆင့်အားလုံးတွင် အောင်မှတ်ရာခိုင်နှုန်း (၅ဝ)သတ်မှတ်ပြီး တစ်ပြည်လုံး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို စာအောင်ဆုအဖြစ် အောင်လက်မှတ်နှင့် ငွေတံဆိပ်ဆုများ၊ ကျမ်းစာအုပ် များ ချီးမြှင့်သည်။ သာမန်အောင်မြင်သူများကို အောင်လက်မှတ် ချီးမြှင့်ပါသည်။

အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကျင်းပပြီး စာမေးပွဲ ကျင်းပရက်မှာ (၃)ရက်ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံး၌ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲ စာဖြေဌာနပေါင်း (၁၅၁)ဌာန၊ ပြည်ပစာဖြေဌာန (၂)ဌာနရှိပါ သည်။

 

အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ စာဖြေဌာနများစာရင်း

စဉ် တိုင်းဒေသကြီးနှင့်ပြည်နယ် အဘိဓမ္မာ
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
ချင်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး ၁၃
ပဲခူးတိုင်းဒေသကြီး(အရှေ့)
ပဲခူးတိုင်းဒေသကြီး(နောက်)
မကွေးတိုင်းဒေသကြီး ၁၄
၁၀ မန္တလေးတိုင်းဒေသကြီး ၁၆
၁၁ မွန်ပြည်နယ်
၁၂ ရခိုင်ပြည်နယ်
၁၃ ရှမ်းပြည်နယ် ၁၀
၁၄ ဧရာဝတီတိုင်းဒေသကြီး ၂၆
၁၅ ရန်ကုန်တိုင်းဒေသကြီး(ရှေ့)
၁၆ ရန်ကုန်တိုင်းဒေသကြီး(နောက်)
၁၇ ရန်ကုန်တိုင်းဒေသကြီး(တောင်)
၁၈ ရန်ကုန်တိုင်းဒေသကြီး(မြောက်)
၁၉ နေပြည်တော်တိုင်းဒေသကြီး
စုစုပေါင်း ၁၅၁
ပြည်ပစာဖြေဌာန
၂၀ စင်္ကာပူနိုင်ငံ
၂၁ ဗြိတိန်/လန်ဒန်မြို့
စုစုပေါင်း ၁၅၃