တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ

2
 တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ
(ရေးဖြေ) ကျင်းပနေပုံ

 

တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ   

 

         တိပိဋကရွေးချယ်ရေးစာမေးပွဲကြီးကို

၁။      ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည်စုံသော ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ရေး

၂။      ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး

၃။      သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူး ဖော်ထုတ်ရေး

ဟူသော ရည်ရွယ်ချက်ဖြင့် ၁၃၁ဝ ပြည့်နှစ် (၁၉၄၉ ခုနှစ်)မှစ၍ စတင်ကျင်းပခဲ့သည်။

 

ဝင်ရောက်ဖြေဆိုခွင့်ရှိသော ပုဂ္ဂိုလ်များ

            တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲသို့ အစိုးရပထမကြီးတန်း၊ မန္တလေးမြို့၊ သကျသီဟ စာသင်တန်း၊ ရန်ကုန်မြို့၊ စေတီယင်္ဂဏစာသင်တန်း အောင်မြင်သော ရဟန်း ၊ သာမဏေများသာ ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။

 

ပြဋ္ဌာန်းကျမ်းစာများ

          တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီး၌ (က) အာဂုံပြန်အပိုင်း၊ (ခ) သဘောရေးဖြေအပိုင်း ဟူ၍ နှစ်ပိုင်းရှိရာ အာဂုံပြန်အပိုင်း၌ –

  • ဝိနယပိဋက ဝိနည်းပထမပိုင်းနှစ်ကျမ်း စာမျက်နှာ                ၈၅၁
  • ဝိနယပိဋက ဝိနည်းဒုတိယပိုင်းသုံးကျမ်း စာမျက်နှာ             ၁၄ဝ၉
  • သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း စာမျက်နှာ                   ၇၇၉
  • အဘိဓမ္မပိဋကအဘိဓမ္မာပထမပိုင်းငါးကျမ်း စာမျက်နှာ         ၁၃၉ဝ
  • အဘိဓမ္မပိဋကအဘိဓမ္မာဒုတိယပိုင်းနှစ်ကျမ်း စာမျက်နှာ        ၃၅၉၇

                  ပိဋကတ်သုံးပုံ စုစုပေါင်း                                           ၈ဝ၂၆

          သဘောရေးဖြေအပိုင်း၌ အာဂုံပြန်ဆိုပြီး ပါဠိတော်များနှင့် ယင်း၏အဖွင့် အဋ္ဌကထာ၊ ဋီကာကျမ်း များကို ပြဋ္ဌာန်းထားပါသည်။

တိပိဋကဓရရွေးချယ်ရေးစာမေးပွဲသို့ စတင်ဝင်ရောက်ဖြေဆိုမည့် ရဟန်း သာမဏေများသည် ဝိနည်းပထမပိုင်းနှစ် (ဥဘတောဝိဘင်း) စာမျက်နှာ (၈၅၁)ကို စတင် အာဂုံပြန်ဆိုရမည် ဖြစ်ပါသည်။

အာဂုံပြန်အပိုင်း၌ တစ်ကျမ်းလျှင် ၃-ရက်နှုန်းဖြင့် အာဂုံပြန်ဆိုရမည်ဖြစ်ပြီး တစ်ရက်လျှင် နံနက်ပိုင်း ၄-ကြိမ်၊ ညနေပိုင်း ၅-ကြိမ်အားဖြင့် ၉-ကြိမ် ပြန်ဆိုရမည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင်       ၂၅-မိနစ် ပြန်ဆို၍ ၁ဝ-မိနစ် နားခွင့်ရှိသည်။

တစ်နေ့တာအတွက် ၅-ကြိမ် ထောက်မ ပေးခွင့်ရှိပြီး ၅-ကြိမ်ထက်ကျော်လွန်၍ ထောက်မ ပေးရပါက ကျရှုံးသည်ဟု သတ်မှတ်ပါသည်။ ထိုသို့ ထောက်မ ပေးရာ၌ ထောက်မ ပေး၍ ဆက်လက်ပြန်ဆိုနိုင်မှသာ ၅-ကြိမ်အထိ ထောက်မပေးခွင့်ရှိပြီး တစ်ကြိမ်ထောက်မ ပေးရုံနှင့် ဆက်လက်မပြန်ဆိုနိုင်လျှင် ကျရှုံးသည်ဟု သတ်မှတ်ပါသည်။ အထောက်အမလွတ်၍ သန့်ရှင်းထူးကဲစွာ ပြန်ဆိုနိုင်သော ပုဂ္ဂိုလ်များအား ”ဝိသိဋ္ဌ” အထူးအောင်အဖြစ် သတ်မှတ်ပါသည်။

 

4

 

ပိဋကနှစ်ပုံခွဲရေးဖြေအောင် အရှင်ဝိစိတ္တာလင်္ကာရအား

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အောင်လက်မှတ်ဆက်ကပ်လှူဒါန်းနေစဉ်

ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်

            ဝိနည်းပထမပိုင်းနှစ်ကျမ်း အောင်မြင်သောပုဂ္ဂိုလ်အား အသိအမှတ်ပြုလက်မှတ် ဆက်ကပ်ပါသည်။ ဝိနည်းပထမပိုင်းနှစ်ကျမ်းကို အာဂုံပြန်ဆို အောင်မြင်ပြီးပါက သဘောရေးဖြေပိုင်းကို ဆက်လက် ဖြေဆိုခွင့်ရှိသည်။ သဘောရေးဖြေအပိုင်းတွင် အောင်မှတ်မှာ ၇၅-မှတ်ဖြစ်၍ နေ့စဉ် အောင်မှတ် ၈၅-မှတ် ရလျှင်သော်လည်းကောင်း၊ နေ့စဉ် အမှတ် ၈ဝ-ထက်မနည်း ရရှိကာ ပျှမ်းမျှရာခိုင်နှုန်း ၉ဝ-မှတ် ရရှိသော်လည်းကောင်း၊ ”မဟာအောင်” ဟု သတ်မှတ်ပါသည်။

ဝိနည်းပထမပိုင်းနှစ်ကျမ်း သဘောရေးဖြေအောင်လျှင် အသိအမှတ်ပြုလက်မှတ် ဆက်ကပ်လှူဒါန်းပါသည်။

ဝိနည်းပထမပိုင်းနှစ်ကျမ်း အာဂုံရေးဖြေ အောင်မြင်ပြီးသော ပုဂ္ဂိုလ်သည် ဝိနည်းဒုတိယပိုင်း သုံးကျမ်း စာမျက်နှာ ၁၄ဝ၉ ကို ဆက်လက် အာဂုံပြန်ဆိုရမည် ဖြစ်ပါသည်။ ဝိနည်းဒုတိယပိုင်းသုံးကျမ်းကို အာဂုံပြန်အောင်မြင်ပါက ”ဝိနယဓရ” ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်တော်နှင့် အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။

ဝိနည်းဒုတိယပိုင်းသုံးကျမ်း အာဂုံပြန်ဆို အောင်မြင်ပြီးပါက သဘောရေးဖြေပွဲကို ဆက်လက် ဖြေဆိုရမည် ဖြစ်ပါသည်။ သဘောရေးဖြေအောင်မြင်ပါက ”ဝိနယကောဝိဒ” ဘွဲ့တံဆိပ်တော် ဘွဲ့လက်မှတ်တော်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံ တော်၊ အခမဲ့အထက်တန်း မီးရထား၊ မီးသင်္ဘောလက်မှတ်များနှင့် လစဉ် ဆွမ်းစရိတ်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။

ဝိနည်းငါးကျမ်း အာဂုံသဘောရေးဖြေ အောင်မြင်ပြီးပါက သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း စာမျက်နှာ ၇၇၉ ကို အာဂုံပြန်ဆိုရမည် ဖြစ်ပါသည်။ ဒီဃနိကာယ်သုံးကျမ်း အာဂုံပြန်ဆို အောင်မြင်ပါက ”ဒီဃဘာဏက” ဘွဲ့တံဆိပ်တော် အောင်လက်မှတ်တော်နှင့် အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။ (ထီးဖြူတော် နှစ်လက်မှာ ပိဋကတ်နှစ်ပုံ အာဂုံအောင် အထိမ်းအမှတ် ဖြစ်ပါသည်။)

သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း အာဂုံပြန်ဆို အောင်မြင်ပြီးပါက သဘောရေးဖြေ၊ ဖြေဆိုရမည် ဖြစ်ပါသည်။ သဘောရေးဖြေပွဲ အောင်မြင်ပါက ”ဒီဃနိကာယကောဝိဒ” ဘွဲ့တံဆိပ်တော်၊ ဘွဲ့ လက်မှတ်တော်နှင့် လစဉ် ဆွမ်းဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။

သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်းကို အာဂုံသဘောရေးဖြေ အောင်မြင်ပြီးပါက အဘိဓမ္မာ ပထမပိုင်းငါးကျမ်း စာမျက်နှာ ၁၃၉ဝ ကို အာဂုံပြန်ဆိုရမည် ဖြစ်ပါသည်။ အဘိဓမ္မာပထမပိုင်းငါးကျမ်း အာဂုံပြန်ဆိုအောင်မြင်ပါက အသိအမှတ်ပြုလက်မှတ် ဆက်ကပ်လှူဒါန်းပါသည်။

 

 

3

(၆၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ ကျင်းပနေပုံ

 

အဘိဓမ္မာပထမပိုင်းငါးကျမ်း အာဂုံပြန်ဆို အောင်မြင်ပြီးပါက သဘောရေးဖြေပွဲကို ဆက်လက် ဖြေဆိုရမည် ဖြစ်ပါသည်။ သဘောရေးဖြေအောင်မြင်ပါက အသိအမှတ်ပြုလက်မှတ် ဆက်ကပ်လှူဒါန်းမည် ဖြစ်ပါသည်။

အဘိဓမ္မာပထမပိုင်းငါးကျမ်း အာဂုံသဘောရေးဖြေ အောင်မြင်ပြီးပါက အဘိဓမ္မာ ဒုတိယပိုင်း စာမျက်နှာ ၃၅၉၇ ကို အာဂုံပြန်ဆိုရမည် ဖြစ်ပါသည်။ အဘိဓမ္မာ ဒုတိယပိုင်းနှစ်ကျမ်းအား အာဂုံပြန် အောင်မြင်ပါက ”အာဘိဓမ္မိက” ဘွဲ့လက်မှတ်တော်၊ အောင်လက်မှတ်တော် ပိဋကတ်သုံးပုံ အလုံးစုံကို အာဂုံပြန် အောင်မြင်တော်မူပြီးဖြစ်သဖြင့် ”တိပိဋကဓရ” ဘွဲ့တံဆိပ်တော်၊ ဘွဲ့လက်မှတ်တော်နှင့် အရိုးနီကနက္ကဒဏ် ထီးဖြူတော်သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။

အဘိဓမ္မာဒုတိယပိုင်းနှစ်ကျမ်း ပြန်ဆိုအောင်မြင်ပြီးပါက သဘောရေးဖြေ ဆက်လက်ဖြေဆို ရမည် ဖြစ်ပါသည်။ သဘောရေးဖြေအောင်မြင်ပါက ”အဘိဓမ္မကောဝိဒ” ဘွဲ့တံဆိပ်တော်၊ ဘွဲ့လက်မှတ်တော် ပိဋကတ်သုံးပုံ အလုံးစုံကို အာဂုံသဘောရေးဖြေ နှစ်ရပ်လုံး အောင်မြင်တော်မူပြီးဖြစ်သဖြင့် ”တိပိဋကကောဝိဒ” ဘွဲ့တံဆိပ်တော်၊ ဘွဲ့လက်မှတ်တော်၊ အရိုးဝါ ကနက္ကဒဏ် ထီးဖြူတော်သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်၊ အခမဲ့ လေယာဉ်လက်မှတ်၊ မီးရထားလက်မှတ်၊ မီးသင်္ဘော လက်မှတ်နှင့် လစဉ် ဆွမ်းဆန်တော်အတွက် နဝကမ္မ အလှူငွေတို့ကိုလည်းကောင်း၊ လစဉ် ပိဋကတ် သုံးပုံ အာဂုံသဘောရေးဖြေ နှစ်ရပ်လုံးအတွက် စုစုပေါင်း ဆွမ်းဆန်တော်စရိတ်တို့ကိုလည်းကောင်း၊ အသက်ထင်ရှားရှိသည့် မယ်တော်၊ ခမည်းတော် နှစ်ဦးအတွက် လစဉ် ထောက်ပံ့ငွေ နှင့် မယ်တော်၊ ခမည်းတော် နှစ်ဦးအနက် တစ်ဦးတည်းသာရှိပါကလည်း လစဉ် ထောက်ပံ့ငွေတို့ကို အောက်ပါအတိုင်း ထောက်ပံ့လှူဒါန်းပါသည်-

 

စဉ် ကျမ်းအမည် တစ်ကြိမ်တည်း တစ်လုံးတစ်ခဲလှူဒါန်းငွေ လစဉ်လှူဒါန်းထောက်ပံ့ငွေ အခြားထောက်ပံ့လှူဒါန်းမှုများ
အာဂုံ ဂုဏ်ထူး ရေးဖြေ ဂုဏ်ထူး ရေးဖြေ ဝိသိဋ္ဌဂုဏ်ထူး မဟာဂုဏ်ထူး
ဝိနည်းငါးကျမ်း ၁ဝ၆၅၆ဝိနယဓရ ၁၅၉၈၄ ၅၃၂၈ဝိနယကောဝိဒ ၈ဝ၁၆ ၁၂ဝဝဝိနယကောဝိဒ ၇၉၂ ၄ဝ၈ မီးရထား၊သင်္ဘောပထမတန်းအခမဲ့
ဒီဃနိကာယ် ၃၇၂ဝဒီဃဘာဏက ၅၅၉၂ ၁၈၇၂ဒီဃနိကာယကောဝိဒ ၂၈ဝ၈ ၄၃၂ဒီဃနိကာယကောဝိဒ ၂၈၈ ၁၄၄      ။
အဘိဓမ္မာရှေ့ပိုင်း ၅၈၅၆မူလအာဘိဓမ္မိက ၈၇၈၄ ၂၉၂၈မူလအဘိဓမ္မကောဝိဒ ၄၄၁၆ ၉ဝဝမူလအဘိဓမ္မကောဝိဒ ၃၈၄ ၂၁၆       ။
အဘိဓမ္မာနောက်ပိုင်း ၁၃၂၂ဝတိပိဋကဓရ ၁၉၉၉၂ ၆၆၇၂တိပိဋကကောဝိဒ ၁ဝဝဝဝ၈ ၁၄၈၈တိပိဋကကောဝိဒ ၁ဝဝ၈ ၅ဝ၄ ကုန်း၊ ရေ၊ လေပထမတန်းအခမဲ့