သာသနာရေးဦးစီးဌာန မူဝါဒ

 သာသနာရေးဦးစီးဌာန၏ မူဝါဒများမှာ

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ဆောက်တည်ခွင့်ပြုရန်၊

(ခ)

ဘာသာတစ်ခုနှင့်တစ်ခု ပဋိပက္ခမှုရှောင်ရှား၍ ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြစေရန်၊

(ဂ)

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်မှုများကို ထောက်ကူပံ့ပိုးပေးရန်၊

(ဃ)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေးရာ ကိစ္စရပ်များ၌ နီးကပ်စွာ ထောက်ကူပံ့ပိုးပေးရန်၊

(င)

ဗုဒ္ဓသာသနာတော်၏ ရေသောက်မြစ်သဖွယ်ဖြစ်သော ပရိယတ္တိစာမေးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ဆောင်ရွက်ရန်၊

(စ)

ပိဋကသုံးပုံ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနှင့် ဆက်စပ်ကျမ်းစာများ ဆဋ္ဌသံဂါယနာမူ မပျောက်ပျက်စေရေးမူနှင့်အညီ ပုံနှိပ်ထုတ်ဝေရန်၊

(ဆ)

နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော နိုင်ငံသားအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး စီမံဆောင်ရွက်ရန်၊

(ဇ)

ဝန်ကြီးဌာနက အခါအားလျော်စွာ ချမှတ်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို မူဝါဒ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်

(ဈ)

နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရန်။