ကျင်းပပြီးစီးခဲ့သော၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို အကြောင်းပြု၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို ရဟန်းရှင်လူ ပြည်သူများ စိုးရိမ်ကြောင့်ကြ နှလုံးစိတ်ဝမ်းမအေးချမ်းဘဲ ရှိနေကြသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက မေတ္တာရပ်ခံချက် ထုတ်ပြန်

» Read more

နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သွားရောက်ဖူးမြော်ပြီး နွေရာသီ ရေအခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခြင်း

၂၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီဌာနသို့ ရောက်ရှိပြီး နွေရာသီဆည်ရေရရှိမှု အခက်အခဲ ဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ပွင့်စေတီနှင့်တရားစခန်းသို့ ၆ လက်မ […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ကျင်းပပြုလုပ်သည့် (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြည်ညိုခြင်း

၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ “(၁၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနား” ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ […]

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန၏ မဟာဗောဓိစေတီတော်ကြီးတွင်ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည်ညို

၆-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင်  ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီတော်ကြီးတွင်“အဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဌာန်းဖွင့်ပွဲအခမ်းအနား” ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)  ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊  နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်ကြီး ၅ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ခေါ်ယူသော စာရင်းကိုင်-၂၊ ဒုတိယဦးစီးမှူး၊ ပုံနှိပ်ကျွမ်းကျင်-၂(စာပြင်)(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူးနေရာများအတွက်လျှောက်လွှာပုံစံ

» Read more

ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှု လှူဒါန်းခြင်းရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

၁-၁-၂၀၂၁၊ ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံကြီး အသစ်ကဲ့သို့ အကြီးစားပြုပြင်ပြီးစီးမှုလှူဒါန်းခြင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ၁-၁-၂၀၂၁ ရက်နေ့၊ ၀၇ ၀၀ အချိန်တွင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ အပေါ်ထပ်ဘုရား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ ပထမပြန်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ […]

» Read more