နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌဆရာတော်(၂)ပါးအား သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Grand Hantha ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလည်းကောင်း၊ နံနက်(၁၁)နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မရောင်ခြည်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ […]

» Read more

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး၊ မှော်ဘီ၊ သံလျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့်နဝကမ္မအလှူတော်ငွေဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများသည် ၉-၉-၂၀၂၁ ရက်နေ့၊ ၀၈:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အောင်တံခွန် ပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့နယ် မဟာဝိဟာရကျောင်း၊ သန်လျင်မြို့နယ် သီတဂူဗုဒ္ဓတက္ကသိုလ်တို့သို့ သွားရောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် လှည်းကူးမြို့နယ်၊ အောင်တံခွန်ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ […]

» Read more

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်းနှင့် သာကေတမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့်နဝကမ္မအလှူတော်ငွေဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ၈-၉-၂၀၂၁ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နိကာယ်စာသင်တိုက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ကျောင်းနှင့် သာကေတမြို့နယ်၊ တိပိဋကလင်္ကာရစာသင်တိုက်တို့သို့ သွားရောက်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူစာသင်တိုက်၌ […]

» Read more

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တိပိဋကမဟာဂန္ဓာရုံကျောင်းနှင့် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ညောင်တုန်းပါဠိတက္ကသိုလ်တို့သို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ၇-၉-၂၀၂၁ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ တိပိဋက မဟာဂန္ဓာရုံကျောင်းနှင့် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ညောင်တုန်းပါဠိတက္ကသိုလ်တို့သို့ သွားရောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် မရမ်းကုန်းမြို့နယ်၊ တိပိဋကမဟာ ဂန္ဓာရုံကျောင်း၌ ဝါဆိုဝါကပ်တော် မူသော သံဃာ […]

» Read more

ကမ္ဘာအေးဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံတွင် ကိုဗစ်−၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသနေသော ရဟန်းသံဃာတော်များအခြေအနေအား အသိပေးနှိုးဆော်ခြင်း

ကိုဗစ်−၁၉ ရောဂါခံစားနေရသော ရဟန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနိုင်ရေးအတွက် ၂၆−၇−၂၀၂၁ ရက်နေ့မှစ၍ ဆေးရုံဖွင့်လှစ်ကာ ရဟန်းသံဃာတော်များအား ကုသပေးလျက်ရှိပါသည်။ ထိုသို့ ဆေးရုံတက်ရောက်ကုသနေသည့် ရဟန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကုသရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ကို စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။ အဆိုပါ ဆေးရုံတက်ရဟန်းသံဃာတော်များအတွက် လိုအပ်သော အောက်ဆီဂျင်အိုးများ၊ ဆွမ်း/ကွမ်း […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၃-၉-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျောင်းတိုက်၌ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ […]

» Read more
1 2 3