ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Shenzhen ဗုဒ္ဓဘာသာအဖွဲ့အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ဩဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)ဆရာတော်ကြီး(၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သင်ကြား/စီမံ၊ စာသင်သားသံဃာတော်(၂၄၉)ပါး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော်နှင့်သီလရှင် (၁၂၈)ပါးတို့အား ကာကွယ်ဆေးထိုးနှံခဲ့ပါသည်။ ထို့အတူ ယနေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော် ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ပါကြောင်း […]

» Read more

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)(သင်ကြား/စီမံ၊ စာသင်သား) သံဃာတော်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှလှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

ရန်ကုန် ဇန်နဝါရီလ ၂၆ ၁၃-၁-၂၀၂၂ ရက်နေ့တွင် Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ် ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း  ဒုတိယဥက္ကဋ္ဌ Honfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master Yin Shun ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက မဟာနာယက ကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅၀၀၀ စာ လှူဒါန်းခဲ့ပါသည်။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏သြဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ […]

» Read more