သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲတာဝန်

(၁)

သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၏ ရုံးလုပ်ငန်းကိစ္စအဝဝကို ညွှန်ကြားရေးမှူးချုပ် ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရမည်။

(၂)

တစ်နိုင်ငံလုံးရှိ ဝါဆိုသံဃာစာရင်းများထိန်းသိမ်းထားရှိရန်၊ အခြားဘာသာများ၏ အသင်းအဖွဲ့များ၏ အချက် အလက်များကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိသည်။

(၃)

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေး၊ သံဃာ့အစည်းအဝေးများ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းရေးကိစ္စရပ်များ၊ ဝိနိစ္ဆယမှုခင်းကိစ္စရပ်များ စီမံဆောင်ရွက်ရမည်။

(၄)

အခြားဘာသာဆိုင်ရာထောက်ပံ့ကူညီရေးကိစ္စရပ်များကို စီမံဆောင်ရွက်ရမည်။

(၅)

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို ဖြေရှင်းဆုံးဖြတ်ဆောင်ရွက်ရာ၌ ရုံးလုပ်ငန်းဆိုင်ရာ ကြီးကြပ် ဆောင်ရွက်ရမည်။

(၆)

ဝိနည်းဓမ္မကံ မှုခင်းဆိုင်ရာ အမှုတွဲများကို စနစ်တကျထိန်းသိမ်းခြင်း၊ လချုပ်၊ နှစ်ချုပ် အစီရင်ခံစာများ ပြုစုတင်ပြခြင်းလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရမည်။

(၇)

ဘုရားဂေါပကအဖွဲ့များ၏စာရင်းပြုစုထိန်းသိမ်းခြင်းနှင့် ဂေါပကစည်းမျဉ်း မှတ်တမ်းများ ထိန်းသိမ်းခြင်း တို့ကိုကြီးကြပ်ရမည်။

(၈)

အခြားဘာသာများ၏ ဘာသာရေးအဆောက်အဦများ စာရင်းပြုစုထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် ရမည်။

(၉)

ဘဏ္ဍာငွေကြေးဆိုင်ရာကိစ္စများ၊ ရုံးသုံးပစ္စည်းကိရိယာများ၊ စာရေးကိရိယာများကို တာဝန်ယူ ကြီးကြပ် ဆောင်ရွက်ရမည်။

(၁၀)

ဌာနခွဲရှိ ဝန်ထမ်းများစည်းကမ်းလိုက်နာရေးအတွက် ကြီးကြပ်ကွပ်ကဲရမည်။