သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးနေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေထိုင်မည့်နေရာများသို့ တပ်မတော်သားများ၊ တပ်မတော်မော်တော်ယာဉ်များဖြင့် ပြောင်းရွေ့နေမှုများကို ကြည့်ရှစစ်ဆေး၍ အားပေးစကားပြောကြား လွင်သည်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ၅.၄.၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ဓနသိဒ္ဓိ ရပ်ကွက်၊ တိုက်အမှတ် ၁၂၀၃၊ ၁၃၂၈၊ ၁၃၂၁၊ ၁၃၇၂၊ ၁၃၇၇၊ ၁၃၉၅၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ တိုက်အမှတ် ၁၀၇ တို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိ ဘောဂပစ္စည်းများအား ယာယီပြောင်းရွေ့မည့်နေရာများသို့ တပ်မတော်သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် ပြောင်း ရွေ့ပေးနေမှုများကို ကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်မိသားစုများအား ယာယီပြောင်းရွေ့ နေထိုင်မည့်နေရာများတွင် နေရာချထားမည့်အခြေအနေ၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေ၊ သန့်စင်ခန်းများဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ရေး ကြို/ပို့ စီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေများကို နွေးထွေးစွာရင်းရင်းနှီးနှီး ပြောကြားပြီး သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွားသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းစသည့် အားပေးစကားပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြောင်းရွေ့နေထိုင်မည့် ဝန်ထမ်းမိသားစုများ၏ အသုံးအဆောင်ပစ္စည်းများကို တပ်မတော်သားများနှင့် ဝန်ထမ်းမိသားစုများက မော်တော်ယာဉ်များ ပေါ်သို့ စနစ်တကျတင်ဆောင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။