နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌဆရာတော်(၂)ပါးအား သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Grand Hantha ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလည်းကောင်း၊ နံနက်(၁၁)နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မရောင်ခြည်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(တတိယအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ)အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများ၏ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းလျှောက်ထားပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ကြောင်း သိရှိရသည်။