ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး၊ မှော်ဘီ၊ သံလျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့်နဝကမ္မအလှူတော်ငွေဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများသည် ၉-၉-၂၀၂၁ ရက်နေ့၊ ၀၈:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အောင်တံခွန် ပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့နယ် မဟာဝိဟာရကျောင်း၊ သန်လျင်မြို့နယ် သီတဂူဗုဒ္ဓတက္ကသိုလ်တို့သို့ သွားရောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် လှည်းကူးမြို့နယ်၊ အောင်တံခွန်ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ ၅၀ ပါးအတွက် ဆန် ၁၀ အိတ်၊ ဆီ ၃၀ ပိဿာ၊ ကုလားပဲ ၃၆ ပိဿာ၊ နဝကမ္မဝတ္ထုငွေ၊ မှော်ဘီမြို့နယ်၊ မဟာဝိဟာရကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၉၀၀ ပါး အတွက် ဆန် ၅၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ကုလားပဲ ၁၄၄ ပိဿာ၊ နဝကမ္မဝတ္ထုငွေ၊ သန်လျင်မြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၁၀၈ ပါး အတွက် ဆန် ၂၂ အိတ်၊ ဆီ ၆၅ ပိဿာ၊ ကုလားပဲ ၈၄ ပိဿာ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။