ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်းနှင့် သာကေတမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့်နဝကမ္မအလှူတော်ငွေဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ၈-၉-၂၀၂၁ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နိကာယ်စာသင်တိုက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ကျောင်းနှင့် သာကေတမြို့နယ်၊ တိပိဋကလင်္ကာရစာသင်တိုက်တို့သို့ သွားရောက်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၁၀၀ ပါးအတွက် ဆန် ၂၀ အိတ်၊ ဆီ ၆၀ ပိဿာ၊ ကုလားပဲ ၇၂ ပိဿာ၊ နဝကမ္မဝတ္ထုငွေ၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နိကာယ်စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၅၇ ပါး အတွက် ဆန် ၁၂ အိတ်၊ ဆီ ၃၅ ပိဿာ၊ ကုလားပဲ ၄၈ ပိဿာ၊ နဝကမ္မဝတ္ထုငွေ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၃၉ ပါး အတွက် ဆန် ၈ အိတ်၊ ဆီ ၂၀ ပိဿာ၊ ကုလားပဲ ၂၄ ပိဿာ၊ နဝကမ္မဝတ္ထုငွေနှင့် သာကေတမြို့နယ်၊ တိပိဋကလင်္ကာရစာသင်တိုက်၌ ဝါဆို ဝါကပ် တော်မူသော သံဃာ ၇၀ ပါးအတွက် ဆန် ၁၄ အိတ်၊ ဆီ ၃၅ ပိဿာ၊ ကုလားပဲ ၄၈ ပိဿာ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။