သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တိပိဋကမဟာဂန္ဓာရုံကျောင်းနှင့် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ညောင်တုန်းပါဠိတက္ကသိုလ်တို့သို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ၇-၉-၂၀၂၁ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ တိပိဋက မဟာဂန္ဓာရုံကျောင်းနှင့် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ညောင်တုန်းပါဠိတက္ကသိုလ်တို့သို့ သွားရောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် မရမ်းကုန်းမြို့နယ်၊ တိပိဋကမဟာ ဂန္ဓာရုံကျောင်း၌ ဝါဆိုဝါကပ်တော် မူသော သံဃာ ၁၆၀ ပါးအတွက် ဆန် ၂၈ အိတ်၊ ဆီ ၇၀ ပိဿာ၊ ကုလားပဲ ၉၆ ပိဿာ၊ နဝကမ္မဝတ္ထုငွေနှင့် ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ ၈၅ ပါးအတွက် ဆန် ၁၈ အိတ်၊ ဆီ ၅၀ ပိဿာ၊ ကုလားပဲ ၆၀ ပိဿာနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။