၁၃၈၃ (၂၀၂၁) ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲအောင်စာရင်း နေ့ရက် ကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၃ (၂၀၂၁) ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းကို ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ ကြာသပတေးနေ့ နံနက် ၀၆ ၀၀ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန website www.mora.gov.mm၊ သာသနာရေးဦးစီးဌာန website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။