သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းများ   ယာယီနေထိုင်လျက်ရှိသည့်နေရာများသို့ သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့်အတူ ၁၉.၄.၂၀၂၅ ရက်နေ့၊နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းရှိ ဓနုဓမ္မာရုံသို့ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ပန်းပေါင်းစုံဘုရား ၁ ဆူ၊ ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား ၁ ဘူး၊ ရေသန့်ကတ် ၁ ကတ်၊ ဖော့ဖျာ ၁ ချပ်စီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်၊ နှစ်ပြန်ကြော်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် ဖယောင်းတိုင်စသည့် အိမ်သုံးပစ္စည်းအမယ်စုံပါဝင်သောအိတ် ၁ အိတ် စီထောက်ပံ့ပေးအပ်ကြသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် သောက်သုံးရေစီစဉ် ဆောင်ရွက်ပေးထားမှု၊ မိသားစုဝင်များ နေရာချထားမှုများကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းမိသားစု များအား တွေ့ဆုံကာ ဝန်ထမ်းမိသားစုများ စုစည်းနေထိုင်ခြင်းဖြစ်၍ မိသားစုစိတ်ဓာတ်၊ ညီအစ်ကို မောင်နှစ်မစိတ်ဓာတ်ဖြင့် နေထိုင်ကြရန်၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့လှူဒါန်းမှု၊ အလှူရှင်များမှ လှူဒါန်းမှုများကို ဦးစီးဌာနများအလိုက် မျှမျှတတ ဖြစ်အောင် ခွဲဝေလှူဒါန်းပေးလျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လာသောအခြေအနေအပေါ် အကောင်းဆုံး ဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ မမျှော်လင့်သော် လည်း ကြုံတွေ့နေရမှာဖြစ်ကြောင်း၊ မိမိတို့အားထား ရမည့်အရာမှာ မိမိတို့ပြုမူဆောင်ရွက်သည့် ကုသိုလ်ကောင်းမှု မှတစ်ပါး အခြားမရှိနိုင်ပါကြောင်း၊ ရတနာမြတ်သုံးပါးကို မပြတ်ဆည်းကပ်ပြီး ကုသိုလ်ကောင်းမှု အမြဲပြုလုပ်ရန်လိုကြောင်း မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်သင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အမျိုးသားပြတိုက်(နေပြည်တော်) သို့ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ပန်းပေါင်းစုံဘုရား ၁ ဆူ၊ ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား ၁ ဘူး၊ ရေသန့် ကတ် ၁ ကတ်၊ ဖော့ဖျာ ၁ ချပ်စီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်၊

နှစ်ပြန်ကြော်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် ဖယောင်းတိုင် စသည့် အိမ်သုံးပစ္စည်းအမယ်စုံအိတ် ၁ အိတ်စီထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေး စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် ရုံးအမှတ်(၃၅)၊ ယာဉ်ရပ်နားကွင်းသို့ရောက်ရှိပြီး ဝန်ထမ်း တစ်ဦးလျှင် ပန်းပေါင်းစုံဘုရား ၁ ဆူ၊ ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား ၁ ဘူး၊ ရေသန့် ကတ် ၁ ကတ်၊ ဖော့ဖျာ ၁ ချပ်စီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်၊ နှစ်ပြန်ကြော်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် ဖယောင်းတိုင်စသည့် အိမ်သုံးပစ္စည်းအမယ်စုံအိတ် ၁ အိတ်စီထောက်ပံ့ပေးအပ်ကြသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားရာတွင် မကြာမီ မိုးကာလရောက်ရှိတော့မည်ဖြစ်၍ ယာယီဘာရှာအဆောက်အဦများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်နေမှုအခြေအနေ၊ ဝန်ထမ်းမိသားစု များရွှေ့ပြောင်းပေးမည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားသွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်သင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင် မြင်ရွှေလက်လှဘုရား၊ ဦးခန္တီတန်ဆောင်းသို့ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ပန်းပေါင်းစုံဘုရား ၁ ဆူ၊ ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား ၁ ဘူး၊ ရေသန့် ကတ် ၁ ကတ်၊ ဖော့ဖျာ ၁ ချပ်စီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်၊ နှစ်ပြန်ကြော်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် ဖယောင်းတိုင်စသည့် အိမ်သုံးပစ္စည်းအမယ်စုံအိတ် ၁ အိတ်စီ ထောက်ပံ့ပေးအပ်သည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအားတွေ့ဆုံ၍ ယာယီဘာရှာ အဆောက်အဦများ ပြီးစီးအောင်ဆောင်ရွက်နေမှုအခြေအနေ၊ ယာယီဘာရှာနေရာများတွင် သောက်ရေ သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ မိလ္လာစနစ်များ စနစ်တကျရှိရေး စီမံဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ကို စုပေါင်းအားဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား သွားကြရန် မှာကြားခဲ့သည်။

နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီ နေထိုင်သည့် နေရာများအားလုံးနှင့် အခြားသောနေရာအသီးသီးရှိ ဝန်ထမ်း ၁၃၃၃ ဦးတို့အား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်၊ ဆန်၊ ဆီ၊ ရေသန့်၊ ဖော့ဖျာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ လက်ဖက်၊ နှစ်ပြန်ကြော်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် ဖယောင်းတိုင် စသည်တို့ကို အလားတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။