တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးတာဝန်

(က)

ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုနှင့်အညီ ဘာသာသာသနာ ကိစ္စများ ဆောင်ရွက်ရန်၊

(ခ)

သာသနာရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားမှုများကို အကောင်အထည်ဖော်ဆောင်ရန်၊

(ဂ)

ဒေသတွင်းအရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အထက်ဌာနသို့ အလျင်အမြန် သတင်းပေးပို့၍ ညွှန်ကြားမှုခံယူ ဆောင်ရွက်ရန်၊

(ဃ)

ဒေသတွင်း ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စများတွင် သက်ဆိုင်ရာအဖွဲ့များ အကူအညီရယူ၍ တာဝန်ခံဆောင်ရွက်ရန်၊

(င)

သံဃာ့အဖွဲ့အစည်းဆုံးဖြတ်ချက်၊ ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် ဒေသလုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊

(စ)

ဒေသအတွင်းရှိ ဝါဆိုသံဃာစာရင်း၊ ကျောင်းတိုက်စာရင်း၊ အဆောက်အဦစာရင်းများကို အမြဲတမ်း Update ဖြစ်နေစေရေး စီမံဆောင်ရွက်ရန်၊

(ဆ)

ဘုန်းတော်ကြီးကျောင်းများ၊ အခြားဘာသာခေါင်းဆောင်များသို့ ဆရာဒကာ ရင်းနှီးမှု၊ မိတ်ဆွေ ရင်းနှီးမှု ရယူထားရန်၊

(ဇ)

ပရိယတ္တိစာမေးပွဲဆိုင်ရာ သွင်း၊ ဖြေ စာရင်းများ စနစ်တကျရှိရေး၊ စာမေးပွဲကျင်းပရာတွင် သန့်ရှင်း၍ စနစ်တကျရှိစေရေး၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(စျ)

မိမိရုံးအဆောက်အဦနှင့်တကွ လက်အောက်ရုံးများ၏ အခြေအနေကို စီမံကြီးကြပ်၍ ရုံးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ရှိစေရေး စီမံဆောင်ရွက်ရန်၊