ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတွင် Covid-19 ဖြစ်ပွားသော ရဟန်း၊ သံဃာတော်များ ဆေးကုသမှုအခြေအနေ

၁။       ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် Covid-19 ရောဂါဖြစ်ပွားနေသော ရဟန်း၊ သံဃာတော်များဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

၂။       သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များအတွက် အောက်ပါအတိုင်းစီမံ ဆောင်ရွက်လျက်ရှိပါသည်-

(က)    Covid-19 ရောဂါဖြင့်ဆေးကုသမှုခံယူနေကြသည့် ရဟန်း၊ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေဖြည့်စွက်အာဟာရနှင့်အချိုရည်များ နေ့စဉ်ဆက်ကပ်လှူဒါန်းခြင်း၊

(ခ)     ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ(Volunteer)များကို နံနက်၊ နေ့လယ်၊ ညနေစာများ ချက်ပြုတ်ကျွေးမွေးခြင်း၊

(ဂ)     ဆေးကုသမှုခံယူနေသည့် ရဟန်း၊ သံဃာတော်များအတွက် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံရှိ အောက်ဆီဂျင်အိုး အလုံး ၆၀ ဖြင့် ရွှေပြည်သာမြို့နယ်ရှိ Unity အောက်ဆီဂျင်စက်ရုံ၊ လှိုင်သာယာမြို့နယ်ရှိ 2000 အောက်ဆီဂျင်စက်ရုံနှင့် ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက် သ င်္ဘောကျင်းအောက်ဆီဂျင်စက်ရုံများသို့ နေ့စဉ်သွားရောက်၍ (15 Liter, 20 Liter, 30 Liter, 40 Liter)အိုးများဖြင့် အလှည့်ကျအောက်ဆီဂျင်ဖြည့်တင်းပေးခြင်း၊

(ဃ)   Covid-19 ရောဂါဖြင့်ဆေးဝါးကုသမှုခံယူနေကြသည့် ရဟန်း၊ သံဃာတော်များ၏ သွေး၊ ဆီးရလဒ်အဖြေများသိရှိရန် သက်ဆိုင်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးများရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ရယူ ပေးခြင်း၊

၃။       အထက်အပိုဒ်(၂)ပါလုပ်ငန်းများကို ကုသိုလ်ယူနေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် ရဟန်းသံဃာတော်တစ်ပါး (အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအချိုရည်)အတွက် ၇၀၀ဝိ/-နှုန်းဖြင့်လည်းကောင်း၊ Covid-19 ရောဂါကာကွယ်တားဆီးကုသရေးဆိုင်ရာ ဆေးနှင့်ပစ္စည်းများ၊ အလှူငွေများကိုလည်းကောင်း ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အိုးများကိုလည်း လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်မည့်လိပ်စာ

  • ဦးနိုင်အောင်မိုး

ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း-၀၉၄၄၅၅၆၀၀၀၆

  • ဦးသန်းအေးအောင်

ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်၊  ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း-၀၉၄၂၀၇၀၁၄၅၄

  • ဦးရဲထွဋ်

ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

အတွင်းရေးမှူး၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း- ၀၉၅၀၅၈၆၁၀