ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Covid-19 ရောဂါခံစားနေရသော ရဟန်း၊ သာမဏေနှင့် သီလရှင်များအတွက် အောက်ဆီဂျင်အိုးများ အခမဲ့ပေးအပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးရုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့ရှိ Covid-19 ရောဂါခံစားနေရသော ရဟန်း၊ သာမဏေနှင့် သီလရှင်များအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)နှင့် တော်ဝင်ချမ်းသာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးဦးတို့နှင့် ညှိနှိုင်းပေါင်းစပ်၍ အောက်ဆီဂျင်အိုးများ အခမဲ့လှူဒါန်းလျက်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်၊ ဝေပုလ္လသာသနံရံသီကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတရားရိပ်သာတို့သို့ အောက်ဆီဂျင်အိုးများ အခမဲ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။