ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ သာသနာရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် Covid-19 ရောဂါဖြစ်ပွား၍ ဆေးကုသခံယူနေကြရသော ရဟန်း၊ သံဃာတော်များအတွက် နေ့စဉ်ဆွမ်းအာဟာရဒါနလှူဒါန်းမှု၊ အောက်စီဂျင် အိုး/စက်များလှူဒါန်းမှုနှင့် ဆေးကုသကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူပြုလုပ်ငန်းများအတွက် လှူဒါန်းမှုများအခြေအနေ
၁။ ရန်ကုန်ုတိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် Covid-19 ရောဂါဖြစ်ပွား၍ ဆေးကုသခံယူနေကြရသော ရဟန်းသံဃာတော်များအား သာသနာရေးဦးစီးဌာနအနေဖြင့် အောက်စီဂျင်များလုံလောက်စွာ ရရှိရေး၊ ဆွမ်းကွမ်းအာဟာရဝေယျာဝစ္စအဆင်ပြေအောင်စီမံဆက်ကပ်ရေး၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများရရှိရေးလုပ်ငန်းများအတွက် သာသနာရေးဦးစီးဌာနက ကျပ်သိန်း ၂၀၀ မတည် လှူဒါန်းကာ ၂၆-၇-၂၀၂၁ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များမှလည်း ဆွမ်းစရိတ်များ လှူဒါန်းခြင်း၊ အောက်စီဂျင်စက်(Concentrator)များလှူဒါန်းခြင်း၊ အောက်စီဂျင်အိုးများလှူဒါန်းခြင်း၊ ဝေယျာဝစ္စ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အလှူငွေများလှူဒါန်းခြင်းတို့ဖြင့် ပါဝင်ကုသိုလ်ပြုလျက်ရှိကြပါသည်။
၃။ လှူဒါန်းမှုများအနေဖြင့် ၇-၈-၂၀၂၁ ရက်နေ့ထိ စုစုပေါင်းအလှူငွေ ၇၆၀၁၀၀ဝိ/- လက်ခံရရှိပြီး အောက်စီဂျင်အိုး(40 လီတာ)၃၉ လုံး Concentartor (၂)လုံးတို့ကို အလှူခံ ရရှိပြီး Covid-19 ရောဂါဖြစ်ပွားနေသော ရဟန်းသံဃာတော်များအတွက် အကျိုးရှိစွာ အသုံးပြု လျက်ရှိရာတွင် အလှူရှင်များအနေဖြင့် ဆွမ်းစရိတ်အလှူရှင်(၃၃)ဦး၊ ဝေယျာဝစ္စအလှူရှင်(၂)ဦး၊ ဆေးဝါးအတွက်အလှူရှင်(၂)ဦး၊ အောက်စီဂျင်အိုး အလှူရှင်(၂)ဦး၊ အောက်စီဂျင်စက်အလှူရှင် (၂)ပါး/ဦးတို့မှ စေတနာသဒ္ဓါထက်သန်စွာဖြင့်လှူဒါန်းခဲ့ကြပါသည်။
၄။ စေတနာရှင်အလှူရှင်များ၏နေ့စဉ်လှူဒါန်းနေမှုအခြေအနေများကို ဝမ်းမြောက်ကြည်နူးစွာ သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါရန်အတွက် နေ့စဉ်ဖော်ပြလျက်ရှိပြီး ၆-၈-၂၀၂၁ ရက်နေ့တွင်လည်း အလှူရှင်ကိုမိုးမြတ်အောင်မှ သံဃာတော်များ၏ကျန်းမာရေးအတွက်ဟူ၍ အောက်စီဂျင် ၄၀ လီတာအိုးကြီး(၃၈)လုံးနှင့် ဆေးကုသရေးလုပ်ငန်းအတွက် ငွေကျပ် ၅၀ သိန်း(စုစုပေါင်းကျပ်သိန်း ၂၀၀)ကို လှူဒါန်းခဲ့ပါသည်။
၅။ သို့ဖြစ်ရာ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးရှိ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် Covid-19 ရောဂါခံစား၍ ဆေးကုသမှုခံယူနေကြရသော ရဟန်းသံဃာတော်များနှင့် ဝေယျာဝစ္စလုပ်အားဒါန ပြုကြသောသူများအတွက် လိုအပ်သော ဆွမ်းစရိတ်အလှူငွေ၊ ဆေးနှင့်ဆေးပစ္စည်းများအတွက် အလှူငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအထောက်အကူပြုနိုင်ရေးအလှူငွေများကို စေတနာရှင် အလှူရှင်များအနေဖြင့် သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြပါရန် ဖော်ပြ အပ်ပါသည်။
(သာသနာရေးဦးစီးဌာန)