ရန်ကုန်မြို့၊ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဦးဆောင်၍ အလှူရှင်များ စုပေါင်းကာ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂ လုံးနှင့် Oxygen Concentrator(10 Liter) ၁ လုံး ပေးအပ်လှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များ အသုံးပြုနိုင်ရေးအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂ လုံးနှင့် Oxygen Concentrator(10 Liter) ၁ လုံး ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ၀၉:၃၀ နာရီတွင် ကမ္ဘာအေး ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံမှ တာဝန်ကျဆရာဝန်များ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)မှလှူဒါန်းသည့် အောက်ဆီဂျင်ဖြည့်ပြီး Oxygen Cylinder (40 Liter)အိုး ၃၂ လုံးနှင့် Oxygen Concentrator(10 Liter) ၁ လုံးတို့ကို ဥက္ကဋ္ဌ ဦးရဲထွန်းက ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ကိုယ်စား)၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက်ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များအတွက် အောက်ပါအတိုင်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်-

၁။ ကိုဗစ်-၁၉ ရောဂါဖြင့်ဆေးကုသမှုခံယူနေကြသည့် ရဟန်း၊ သံဃာတော်များ၊ ဆေးရုံတက် သံဃာတော်များကို အနီးကပ်ပြုစုစောင့်ရှောက်ပေးသည့် ပစ္ဆာသမဏများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဖြည့်စွက်အာဟာရနှင့်အချိုရည်များ နေ့စဉ်ဆက်ကပ်လှူဒါန်းခြင်း၊

၂။ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ(Volunteer)များကို နံနက်၊ နေ့လည်၊ ညနေစာများ ချက်ပြုတ်ကျွေးမွေးခြင်း၊

၃။ ဆေးကုသမှုခံယူနေသည့် ရဟန်း၊ သံဃာတော်များအတွက် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံရှိ အောက်စီဂျင်အိုး အလုံး ၆၀ ဖြင့် ရွှေပြည်သာမြို့နယ်ရှိ Unity အောက်စီဂျင်စက်ရုံ၊ လှိုင်သာယာမြို့နယ်ရှိ 2000 အောက်စီဂျင်စက်ရုံနှင့် ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက် သ င်္ဘောကျင်းအောက်စီဂျင်စက်ရုံများသို့ နေ့စဉ်သွားရောက်၍ (15 Liter, 20 Liter, 30 Liter, 40 Liter)အိုးများဖြင့် အလှည့်ကျအောက်စီဂျင်ဖြည့်တင်းပေးခြင်း၊

၄။ ကိုဗစ်-၁၉ ရောဂါဖြင့်ဆေးဝါးကုသမှုခံယူနေကြသည့် ရဟန်း၊ သံဃာတော်များ၏ သွေး၊ ဆီးရလဒ်အဖြေများသိရှိရန် သက်ဆိုင်ရာဓာတ်ခွဲခန်းများသို့ ပို့ဆောင်ရယူ ပေးခြင်း၊

ယင်းကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ရဟန်း၊ သံဃာတော်များဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီးတွင် အောက်ဆီဂျင် ၄၀ လီတာအိုး ၆၀ လုံး သာရှိပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ အောက်ဆီဂျင်ဖြည့်ပြီး အောက်ဆီဂျင်အိုး ၃၂ လုံးနှင့် Oxygen Concentrator(10 Liter)၁ လုံး လှူဒါန်းပေးသဖြင့် ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသော ရဟန်းသံဃာတော်များအတွက် အောက်ဆီဂျင်များ စဉ်ဆက်မပြတ် ရရှိလာနိုင်မည်ဖြစ်ပါကြောင်းနှင့် ရဟန်းသံဃာတော်များ ရောဂါပပျောက် ချမ်းသာရရှိနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများ၊ Oxygen Concentrator များ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအချိုရည်အတွက် သံဃာတော် တစ်ပါးလျှင် ၇၀၀ဝိ/-နှုန်းဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်-

 ဦးနိုင်အောင်မိုး
ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန
ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ
ဖုန်း-၀၉၄၄၅၅၆၀၀၀၆

 ဦးသန်းအေးအောင်
ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန
အဖွဲ့ဝင်၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့
ဆေးရုံ
ဖုန်း-၀၉၄၂၀၇၀၁၄၅၄

 ဦးရဲထွဋ်
ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန
အတွင်းရေးမှူး၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့
ဆေးရုံ
ဖုန်း- ၀၉၅၀၅၈၆၁၀