သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နေပြည်တော်၊ ဇမ္ဗူသီရိစာဖြေဌာနနှင့် ပုဗ္ဗသီရိစာဖြေဌာနတို့သို့ သွားရောက်ပြီး ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်မျာအား ဖူးမြော်ကြည်ညို၍ စာဖြေသံဃာနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညို

၁၂-၆-၂၀၂၁ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်ပြီး ပါဠိပထမပြန်ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် အလှူတော် ငွေကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းကာ ပါဠိပထမပြန်စာဖြေသံဃာတော်များနှင် သီလရှင် များအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပါသည်။

          ထို့နောက် ၁၄ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်ပြီး ပါဠိပထမပြန်ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ စာဖြေဌာန အတွက် အလှူတော်ငွေကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းကာ ပါဠိပထမပြန်စာဖြေ သံဃာတော်များနှင့် သီလရှင်များအား လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိပါသည်။