သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနား လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၁၅-၆-၂၀၂၁ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဆပ်ကော်မတီ များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          ထို့နောက် ၁၅ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သံဃာဆေးရုံ(အသစ်)၌ သီတင်းသုံးလျက်ရှိသော နိကာယ်စာမေးပွဲဗဟိုဆရာတော် ၁၆ ပါးတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။