သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးမကွေးတိုင်းဒေသကြီးအတွင်းရှိ ဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များအားဖူးမြော်ကြည်ညို





၆-၆-၂၀၂၁ ရက်နေ့၊ ၁၀ ၁၅ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဦးသည် မကွေးတိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မကွေးမြို့၊ သံဃာရာမနိကာယပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တိတသာရ မဟာထေရ် အရှင်သူမြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားကာ အလှူတော်ငွေ ၁ သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် ၁၂ ၀၀ အချိန်တွင် မကွေးမြို့၊ မဟာဝိသုတာ ရာမပရိယတ္တိစာသင်တိုက် နာယက၊ မကွေးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မကွေးမြို့နယ် ပထမပြန်/ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနအရှင်သူမြတ်အား ဖူးမြော် ကြည်ညို၍ အလှူတော်ငွေ ၁ သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပြီး ၁၂ ၁၅ အချိန်တွင် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိလောကအရှင်သူမြတ်အား ဆက်လက်ဖူးမြော် ကြည်ညိုပါသည်။
ယင်းနောက် ၁၂ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဦးသည် မကွေးတိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မကွေးမြို့၊ မဟာဝိသုတာ ရာမတောင်တိုက်၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူ တော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယဖြေဆိုနေကြသော စာဖြေသံဃာတော် များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။
ဆက်လက်၍ ၁၃ ၃၀ နာရီအချိန်တွင် အမြဲတမ်းအတွင်းဝန်အနှင့်အဖွဲ့သည် ရေနံချောင်းမြို့၊ သဒ္ဓသုခီရာပြည့်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင် များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဓမ္မာစရိယစာဖြေဌာနနှင့် ရေနံချောင်းမြို့ ဓမ္မာစရိယစာဖြေဌာန တို့တွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၂) ဘာသာကို စာဖြေသံဃာ ၂၃ ပါး၊ သီလရှင် ၃ ပါး၊ စုစုပေါင်း ၂၆ ပါးတို့ ဝင်ရောက်ဖြေဆိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဓမ္မာစရိယစာဖြေဌာန ၄ ဌာနတို့တွင် စာဖြေ သံဃာ ၉၉ ပါး၊ သီလရှင် ၈ ပါး စုစုပေါင်း ၁၀၇ ပါးတို့ ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိပါသည်။