သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးမန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့်သီလရှင်များအား ဖူးမြော်ကြည်ညို

၅-၆-၂၀၂၁ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဦးသည် မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ကြီး တံခွန်မြို့နယ်၊ မဟာသုန္ဒာရာ ရာမပရိယတ္တိစာသင်တိုက် ၅ ထပ်ဗိမာန်၌ ကျင်းပပြုလုပ်သော ဓမ္မာ စရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ ဒက္ခိဏရာမဘုရားကြီးတိုက်၊ မိုးကုတ်ကျောင်းနာယက ဘဒ္ဒန္တဝဏ္ဏိတ (မဟာဂန္ထဝါစကပဏ္ဍိတ)ထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယ စာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ပြည်ကြီး တံခွန်မြို့နယ်၊ မဟာသုန္ဒာရာ ရာမပရိယတ္တိစာသင်တိုက် ၅ ထပ်ဗိမာန်၌ ကျင်းပပြုလုပ်သော ဓမ္မာ စရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဖူးမြော် ကြည်ညိုကာ ဒက္ခိဏရာမဘုရားကြီးတိုက်၊ မိုးကုတ်ကျောင်းနာယက ဘဒ္ဒန္တဝဏ္ဏိတ(မဟာဂန္ထဝါစကပဏ္ဍိတ)ထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ဆက်လက်၍ ၁၂ ၄၀ အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ တောင်စလင်းကျောင်းတိုက်၊ အောင်မင်္ဂလာဓမ္မသိပ္ပါလယဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ မဟာဝေယံဘုံသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိက(အဂ္ဂမဟာပဏ္ဍိတ)ထံ စာဖြေဌာန အတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ထို့နောက် ၁၃ ၁၀ အချိန်တွင် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိ ၄ ထပ် ကျောင်း၌ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ မစိုးရိမ်တိုက်သစ်နာယကဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသ(မဟာဂန္ထဝါစကပဏ္ဍိတ)ထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့ သည် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ သွားရောက်၍ ၁၄ ၃၀ အချိန်တွင် စစ်ကိုင်းခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၌ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ ရွှေတောင်ဦးမှော်ကျောင်း ဆရာတော် ဘဒ္ဒန္တပညာနန္ဒ ထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

မန္တလေးခရိုင်အတွင်း အစိုးရဓမ္မာစရိယစာဖြေဌာန ၃ ခုတွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁) ဘာသာကို စာဖြေသံဃာတော် ၆၃၆ ပါး၊ သီလရှင် ၄၈ ပါး၊ စုစုပေါင်း ၆၈၄ ပါးဝင်ရောက်ဖြေဆိုတော်မူပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ သောတပန်ရပ်ကွက်၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနတွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁) ဘာသာကို စာဖြေသံဃာတော်/သီလရှင် ၈၁၆ ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သတင်းရရှိပါသည်။