သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ရမည်းသင်းမြို့တို့ရှိ ဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာများအား ဖူးမြော်ကြည်ညိုပြီး ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား




၂-၆-၂၀၂၁ ရက်နေ့၊ ၁၂ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အထက (၁) ၌ ကျင်းပပြုလုပ်သော အစိုးရ ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်ပြီး ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်၍ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၅ သိန်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာဖြေ သံဃာတော် များအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ပါသည်။
ထို့နောက် ၁၃ ၄၅ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် ရမည်းသင်းမြို့၊ သာသနာ့ဂုဏ်ရောင်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယ စာဖြေ ဌာနသို့ သွားရောက်၍ ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်၍ စာဖြေဌာနအတွက် အလှူတော်ငွေ ကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာဖြေ သံဃာတော်များအား လှည့်လည် ဖူးမြော် ကြည်ညိုခဲ့ပါသည်။
ဆက်လက်၍ ၁၄
၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
အမြဲတမ်း အတွင်းဝန်သည်
ရမည်းသင်းခရိုင်သာသနာရေးမှူးရုံးသို့ ရောက်ရှိပြီး အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံ၍
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ရှင်းလင်းပွဲများ ပြုလုပ်ပြီး လိုက်နာဆောင်ရွက်သွားရန်၊
ဝန်ထမ်းတစ်ဦးချင်းအလိုက် ကိုယ်စီတာဝန်များပေးအပ်ရန်နှင့် ရုံးလုပ်ငန်းများကျွမ်းကျင်မှုရှိစေရေး
ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး သင်တန်းများစေလွှတ်သွားရန်စသည်ဖြင့် လမ်းညွှန်မှာကြား
ခဲ့ကြောင်း သတင်းရရှိပါသည်။.