ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၁၁-၁၀-၂၀၂၀ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်ရှိ ရွှေဘုန်းရိပ်ပရိယတ္တိစာသင်တိုက်၊ ရတနာမာန်အောင်ပရိယတ္တိစာသင်တိုက်၊ ကောင်းဆုဝေ လပရိယတ္တိစာသင်တိုက်၊ မဟာဝိနယာရာမရွှေကျီးသာပရိယတ္တိစာသင်တိုက်၊ အာယုဒီဃပျိုးဥယျာဉ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ပဓာနနာယကဆရာတော်များထံသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်  နယ်စပ်တောင်တန်းဒေသသာသနာ နုဂ္ဂဟအသင်းတို့က တစ်ကျောင်းလျှင်ဆွမ်းဆန်တော် ၁၆ အိတ် စီဖြင့် စုစုပေါင်း ဆွမ်းဆန်တော် ၈၀ အိတ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂအသင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာရဲအောင်တို့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။