ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၉-၁၀-၂၀၂၀ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တစိန္ဒိမာဘိဝံသထံသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်  နယ်စပ်တောင်တန်းဒေသသာသနာ နုဂ္ဂဟအသင်းတို့က တစ်ကျောင်းလျှင်ဆွမ်းဆန်တော် ၁၅ အိတ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ယင်းနေ့ ၁၃ ၄၅ အချိန်တွင် အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ တိပိဋကာလင်္ကာရစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိထံသို့ ဆွမ်းဆန်တော် ၁၅ အိတ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂအသင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာရဲအောင်တို့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။