သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား သွားရောက်ဖူးမြော်ကြည်ညို

၃၀- ၄- ၂၀၂၂ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုပါသည်။           ရှေးဦးစွာ […]

» Read more

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Shenzhen ဗုဒ္ဓဘာသာအဖွဲ့အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ဩဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)ဆရာတော်ကြီး(၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သင်ကြား/စီမံ၊ စာသင်သားသံဃာတော်(၂၄၉)ပါး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော်နှင့်သီလရှင် (၁၂၈)ပါးတို့အား ကာကွယ်ဆေးထိုးနှံခဲ့ပါသည်။ ထို့အတူ ယနေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော် ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ပါကြောင်း […]

» Read more

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)(သင်ကြား/စီမံ၊ စာသင်သား) သံဃာတော်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှလှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

ရန်ကုန် ဇန်နဝါရီလ ၂၆ ၁၃-၁-၂၀၂၂ ရက်နေ့တွင် Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ် ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း  ဒုတိယဥက္ကဋ္ဌ Honfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master Yin Shun ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက မဟာနာယက ကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅၀၀၀ စာ လှူဒါန်းခဲ့ပါသည်။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏သြဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ အငယ်တန်းစာရေးနှင့် အဆင့်တူ ရာထူး ၉၀ နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်း (၂၉-၁၁-၂၀၂၁ ရက်နေ့ ၀၈ ၀၀ အချိန်တွင် ရေးဖြေအောင်မြင်သော သက်ဆိုင်ရာ စာဖြေဌာနများ၌ လူတွေ့စစ်ဆေးသွားမည် ဖြစ်ပါသည်)

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး;ချုပ် ရန်ကုန်တို်ငးဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အား သွားရောက်ဖူးမြော်ကြည်ညို

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် တာဝန်ရှိသူ များသည် ယနေ့ နံနက် ၁၁ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး […]

» Read more

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန် နိုဝင်ဘာလ- ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ နဝမအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု […]

» Read more
1 3 4 5 6 7 13