သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၂-၁၁-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံး(ခွဲ)သာသနာရေးမှူးများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန