နေပြည်တော်၊ ဥပ္ပါတသန္တိစေတီရင်ပြင်တော်ရှိ ဓမ္မာရုံ၌ အခြေခံဗုဒ္ဓဘာသာသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရှိ ဝန်ထမ်းများအား ဗုဒ္ဓဘာသာ၏ အခြေခံကိုယ်ကျင့်တရားများ အသည်းထဲ ရင်ထဲစွဲမြဲစေပြီး သိရှိလိုက်နာ ကျင့်သုံးတတ်ရန်ရည်ရွယ်၍ ၁၅-၂-၂၀၂၁ ရက်၊ ၀၉ ၀၀ အချိန်တွင် ဥပ္ပါတသန္တိ စေတီရင်ပြင်တော်ရှိ ဓမ္မာရုံ၌ အခြေခံဗုဒ္ဓဘာသာ သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၁၅-၂-၂၀၂၁ ရက်နေ့မှ ၁၉-၂-၂၀၂၁ ရက်နေ့အထိ သင်တန်းသား/သူ ဝန်ထမ်း ၂၇ ဦးဖြင့် covid-19 ရောဂါထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ သာသနာရေး ဦးစီးဌာနမှ ကျင်းပဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။