သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်မြတ်ကြီးတွင် အခြေခံဗုဒ္ဓဘာသာသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်

ဗုဒ္ဓဘာသာဝင်တို့အား အခြေခံကိုယ်ကျင့်တရားများ အသည်းထဲ ရင်ထဲစွဲမြဲစေပြီး သိရှိလိုက်နာ ကျင့်သုံးတတ်ရန်ရည်ရွယ်၍ သာသနာရေးဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ၁-၂-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်မြတ်ကြီးရှိ ပွင့်စေတီ ဘုန်းတော်ကြီးကျောင်း၌ အခြေခံဗုဒ္ဓဘာသာသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားအပြီးတွင် ဇမ္ဗူသီရိမြို့နယ် ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရက သြကာသကန်တော့ချိုးကို စတင်သင်ကြားဟောကြားပေးပါသည်။

နေပြည်တော်၊ သံဝေဇနိယလေးဌာန “ဖွား၊ ပွင့်၊ ဟော၊ စံ”စေတီတော်မြတ်ကြီးတွင် ၁၁-၁-၂၀၂၁ ရက်နေ့မှ ၁၈-၁-၂၀၂၁ ရက်နေ့အထိ အခြေခံဗုဒ္ဓဘာသာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကိုလည်းကောင်း၊ ၁-၂-၂၀၂၁ ရက်နေ့မှ ၅-၂-၂၀၂၁ ရက်နေ့အထိ အခြေခံဗုဒ္ဓဘာသာသင်တန်း အမှတ်စဉ်(၂/၂၀၂၁) ကိုလည်းကောင်း တစ်ကြိမ်လျှင် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဝန်ထမ်း ၂၇ ဦး တို့ဖြင့် COVID-19 ရောဂါထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန