သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ရွေးချယ်ခြင်း

၁။

ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးသို့ တက်ရောက်ရန် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က သတ်မှတ်ပေးသော နည်းလမ်းစည်းကမ်းများနှင့် အညီ ရွေးချယ်ရမည်။ (သံ/လုပ်ထုံး၊ ၈)

၂။

အပိုဒ်-၁အရ ​ရွေးချယ်ရမည့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များ၏ အရေအတွက်ကို ၁၂၀၀-ပါးမှ ၁၃၀၀-ပါးအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က သတ်မှတ်ပေးရမည်။ (သံ/လုပ်ထုံး၊ ၈)

၃။

အပိုဒ်-၂အရ သတ်မှတ်ထားသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အရေအတွက်ကို ဂိုဏ်းများရှိ ဂိုဏ်းဝင်သံဃာဦးရေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်များရှိ ရဟန်းတော် ပါးရေကို အခြေခံ၍ အချိုးကျ ခွဲဝေသတ်မှတ်ပေးရမည်။ (သံ/လုပ်ထုံး၊ ၁၀)

၄။

အပိုဒ်-၁၀အရ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဦးရေကို အချိုးကျခွဲဝေရာတွင် အချိုး မမီသော အချို့သော မြို့နယ်များ၌ ရဟန်းတော်ဦးရေ(၁၀)ပါးရှိမှသာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် တစ်မြို့နယ်လျှင်(၁)ပါး သတ်မှတ်ရမည်။ (သံ/လုပ်ထုံး၊ ၁၁)

၅။

မြို့နယ်အတွင်းရှိ ဆန္ဒပေးပိုင်ခွင့်ရှိသော ရဟန်းတော်များသည် ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုကို ခံယူ၍ အပိုဒ်-၃၊ အပိုဒ်-၄ အရ သတ်မှတ်ထားသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များကို များရာသံဃဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ကြရမည်။ (သံ/လုပ်ထုံး၊ ၁၂)

၆။

သီးခြားဂိုဏ်းများသည် မိမိတို့ဂိုဏ်းအတွက် သတ်မှတ်ထားသော သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ်များကို မိမိတို့ဂိုဏ်း၏ အစီအစဉ်အရ ရွေးချယ်ခွင့်ရှိကြသည်။ (သံ/လုပ်ထုံး၊ ၁၃)

သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၏ အရည်အချင်းများ

၁။      သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါ အရည် အချင်းများနှင့် ပြည့်စုံရမည်-(သံ/လုပ်ထုံး၊ ၁၄)

(က)

သိက္ခာတော်အနည်းဆုံး(၁၀)ဝါမှ (၅၀)ဝါရှိရမည်၊

(ခ)

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(ဂ)

အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ တက္ကသီလဓမ္မာစိရိယ၊ ဝိနယဝိဒူတစ်ခုခုကို အောင်မြင်ရမည်။ ယင်းဘွဲ့ရ ပုဂ္ဂိုလ်များမရှိပါက သင့်လျော်သော ပုဂ္ဂိုလ်ကို ရွေးချယ်ရမည်။

(ဃ)

ယုတ္တိ ရှိ/ မရှိ သဘာဝ ကျ/ မကျ ဝေဖန်စိစစ်နိုင်သည့်(ဝိဘဇ္ဇဝိစာရဏ)ဉာဏ်နှင့် ပြည့်စုံရမည်။

(င)

လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဂရုက စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံရမည်၊

(စ)

သံဃာတော်များ၏ ယုံကြည်လေးစား အားထားကြည်ညိုမှုကို ခံထိုက်ရမည်၊

(ဆ)

သည်းခံခြင်း ခမာဂုဏ်နှင့် ပြည့်စုံ၍ သူခပ်သိမ်းတို့နှင့် ဆက်ဆံရာ၌ ချိုသာသိမ်မွေ့ နူးညံ့ပြေပြစ်မှုရှိရမည်၊

(ဇ)

သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ရွေးချယ်ရာကာလအတွင်း အန္တိမဝတ္ထုဖြင့် စွပ်စွဲ မခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဈ)

ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်းစသော အကြောင်းတစ်စုံတစ်ရာကြောင့် မိမိ ဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်းမခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ည)

အကြောင်းတစ်စုံတစ်ရာကြောင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ပါဝင်ခွင့်မှ တားမြစ် ထားခြင်း/နာယကအစုမှ ကြဉ်ပယ်ထားခြင်း မခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဋ)

အကျင့်စာရိတ္တနှင့်စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပ​ဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဌ)

ရွေးချယ်ရာ မြို့နယ်အတွင်း၌ ဝါကပ်သီတင်းသုံးသော ပုဂ္ဂိုလ်ဖြစ်ရမည်။

မှတ်ချက်။

(၁) သီးခြားဂိုဏ်းများ၏ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်အတွက် အရည်အချင်း သတ်မှတ်ရာ၌လည်း ဖော်ပြပြီးအတိုင်းပင် ဖြစ်သည်၊

(၂) တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်ဖြစ်ပါက အလိုအလျောက် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဖြစ်သည်။

 

ပထမအကြိမ် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ ထေရ်စဉ် ဝါစဉ် စာရင်းချုပ်

စဉ် တိုင်းဒေသကြီး/ ပြည်နယ် (ဂိုဏ်း) ရွေးချယ်ခဲ့သည့် အရေအတွက် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ သံဃာ့ ဝန်ဆောင် တိပိဋကဓရ စုစုပေါင်း မှတ်ချက်
ကချင် ၁၇ ၁၉
ကယား
ကရင် ၂၅ ၂၇
ချင်း
စစ်ကိုင်း ၁၂၉ ၁၄၁
တနင်္သာရီ ၂၃ ၂၅
ပဲခူး ၁၀၁ ၁၀၆
မကွေး ၉၅ ၁၀၅
မန္တလေး ၁၉၄ ၂၀၆
၁၀ မွန် ၆၇ ၇၀
၁၁ ရခိုင် ၃၄ ၃၈
၁၂ ရန်ကုန် ၁၃၀ ၁၄၆
၁၃ ရှမ်း ၆၉ ၇၆
၁၄ ဧရာဝတီ ၉၅ ၁၀၁
၁၅ ရွှေကျင် ၇၇ ၉၀
၁၆ မဟာဒွါရ ၁၇ ၂၁
၁၇ ဝေဠုဝန် ၁၂ ၁၂
၁၈ မူလဒွါရ ၁၀
၁၉ မဟာရင်
၂၀ ငှက်တွင်း
၂၁ ဂဏဝိမုတ်
၂၂ အနောက်ချောင်းဒွါရ
    ၁၁၁၈ ၃၆ ၅၈ ၁၂၁၉  

 

မှတ်ချက်။    ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးမှတ်တမ်းအရ ပြုစုပါသည်။

Previous Page     Next Page