တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယအဖွဲ့

၁။

တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယအဖွဲ့ဆိုသည်မှာ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက အဖွဲ့က ရွေးချယ်၍ တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်​ဆောင်များက အတည်ပြု​ပေးသော သြဝါဒါ စရိယအဖွဲ့ကို ဆိုသည်။ (သံ/စည်း၊၂-ဏ)

၂။

ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း၌ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များတွင် တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယဆရာတော်များ၊ မြို့နယ်သြဝါဒါစရိယ ဆရာတော် များနှင့်အဆင့်တူ သတ်မှတ်ထားသည့် သြဝါဒါစရိယဆရာတော်သည် ဂိုဏ်းအသီးသီးတွင် ရှိနိုင်သည်။ (သံ/စည်း၊ ၁၉-က၊ခ)

၃။

ရွေးချယ်သတ်မှတ်ထားသောဆရာတော်သည် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖြစ် ဆောင်ရွက်ခွင့်မရှိ။ (သံ/စည်း၊ ၂၀)

၄။

တိုင်းဒေသကြီး/ပြည်နယ် သြဝါဒါစရိယ၏ သက်တမ်းကို သတ်မှတ်ခြင်းမပြု။ (သံ/စည်း၊ ၉၀)

၅။

တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် သံဃာ့ဝန်ဆောင်များထဲမှသော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အသက်သိက္ခာဂုဏ်ဝါကြီးများသော ဆရာတော်များထဲမှသော်လည်းကောင်း အများဆုံး ၉-ပါးအထိ ပါဝင်သော တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယဆရာတော်များ၏ ဘွဲ့အမည်စာရင်း တစ်စောင်ကို ပြုစု၍ တိုင်းဒေသကြီး/ ပြည်နယ် သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းရမည်။(သံ/လုပ်ထုံး၊ ၆၂)

၆။

တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့က တင်သွင်းသော တိုင်းဒေသကြီး/ ပြည်နယ် သြဝါဒါစရိယ ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ် သံဃာ့ဝန်ဆောင် အစည်းအဝေးက များရာသံဃဆန္ဒဖြင့် အတည်ပြုရမည်။(သံ/လုပ်ထုံး၊ ၆၃)

တိုင်းဒေသကြီး/ ပြည်နယ် သြဝါဒါစရိယ၏အရည်အချင်းများ

၁။

တိုင်းဒေသကြီး/ပြည်နယ် သြဝါဒါစရိယဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါ အရည် အချင်းများနှင့် ပြည့်စုံရမည်-(သံ/လုပ်ထုံး၊ ၆၄)

(က)

သိက္ခာတော် အနည်းဆုံး(၄၀)ဝါရှိပြီးဖြစ်ရမည်၊

(ခ)

ပရိယတ္တိဝိသာရဒ၊ ပိဋကတ္တယဆေက ဂုဏ်နှင့် ပြည့်စုံရမည်။

(ဂ)

တိုင်းဒေသကြီး / ပြည်နယ်အတွင်းရှိ ရဟန်းရှင်လူအများတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက်ရမည်၊

(ဃ)

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)

ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်၊

(စ)

ရွေးကောက်တင်မြှောက်ရာ တိုင်းဒေသကြီး / ပြည်နယ်အတွင်း၌ ဝါကပ်သီတင်းသုံး သော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဆ)

တွေ့ကြုံလာသော ပြဿနာများကို ပြေလည်အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်သော စွမ်းရည်သတ္တိ ရှိရမည်။

(ဇ)

တိုင်းဒေသကြီး / ပြည်နယ်အတွင်းရှိ သံဃာများ၊ ဂိုဏ်းများကို စုစည်းညီညွတ်စေလိုသော ဆန္ဒရှိရမည်၊

(ဈ)

အဂတိတရား လိုက်စားခြင်းမှ ရှောင်ကြဉ်ရမည်၊

(ည)

ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်း စသော အကြောင်းတစ်စုံတစ်ရာကြောင့် မိမိ ဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်း မခံရသောပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဋ)

အကျင့်စာရိတ္တနှင့် စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသောပုဂ္ဂိုလ် ဖြစ်ရမည်၊

မှတ်ချက်။      ။       သီးခြားဂိုဏ်းများ၌ တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယ ဆရာတော်ကို ဤလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ထားရှိနိုင်သည်။

Loading