တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့

၁။       တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ဆိုသည်မှာ ပြည်နယ်/တိုင်းသံဃာ့ဝန်ဆောင်များက ရွေးချယ် ဖွဲ့စည်းသော သံဃာ့အဖွဲ့ကို ဆိုသည်။ (သံ/စည်း၊ ၂-ဏ)

၂။         ရပ်ကွက်/ကျေးရွာအုပ်စုသံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် ပြည်နယ်/တိုင်း သံဃ နာယကအဖွဲ့ဆရာတော်များသည် သံဃာ့နာယကအဆင့်များတွင် တစ်ဆင့်ဆင့်၌သာ ပါဝင်ခွင့်ရှိ သည်။ (သံ/စည်း၊ ၁၈-က)

၃။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်များဖြင့် ဖွဲ့စည်းရမည်။ (သံ/စည်း၊ ၂၇)

၄။        သတ်မှတ်ထားသော တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်အရေအတွက် မပြည့်မီသဖြင့် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ကို မဖွဲ့စည်းနိုင်ခဲ့သော် ထိုတိုင်းဒေသကြီး/ပြည်နယ်အတွင်း ရှိ တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နီးစပ်သင့်လျော်ရာ တိုင်းဒေသကြီး/ပြည်နယ်သံဃ နာယကအဖွဲ့အတွင်းသို့ ထည့်သွင်း၍ စုပေါင်း တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ ပူးပေါင်းဖွဲ့စည်း ပေးရမည်။ (သံ/စည်း၊ ၃၃)

၅။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သည် မိမိအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် သံဃာ့ဝန်ဆောင်များထဲမှ သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ မြို့နယ် သံဃနာယက ရွေးချယ်ဖွဲ့စည်း/သတ်မှတ်မှုနှင့် တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင် ရွေးချယ်မှု တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရမည်။ (သံ/စည်း၊ ၄၁)

၆။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့စုံညီအစည်းအဝေးကို အနည်းဆုံး ၃လ တစ်ကြိမ် ကျင်းပရမည်။ (သွားလာရေးခက်ခဲသော ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စသော ဒေသများ၌ ၄လ ၁ကြိမ်စည်းဝေးနိုင်သည်) (သံ/စည်း၊ ၆၉)

၇။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယအဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို အရေးပေါ် ကျင်းပလိုလျှင် တိုင်းဒေသကြီး/ပြည်နယ်အာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။(သံ/စည်း၊ ၇၃)

၈။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ အရေးပေါ်အစည်းအဝေးကို အမြန်ဆုံးပင့်ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျင်းပရမည်။ (သံ/စည်း၊ ၇၇)

၉။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့၏ သက်တမ်းသည် ပုံမှန်အားဖြင့် (၆)နှစ်ဖြစ် သည်။ ထပ်မံရွေးချယ်ခံရပါက ဒုတိယ (၆)နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ (၆)နှစ်သက်တမ်း (၂)ကြိမ်ထက် ပိုမို၍ ထမ်းဆောင်ခွင့်မရှိစေရ။

ချွင်းချက်။       သတ်မှတ်အရေအတွက် မပြည့်မီသော တိုင်းဒေသကြီး/ပြည်နယ်အတွင်းဖြစ်ပါက ၂ကြိမ်ထက် ပိုမို၍ အရွေးခံခွင့်ရှိသည်။ (သံ/စည်း၊ ၈၈)

 

တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက၏ အရည်အချင်းများ

၁။        တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါ အရည် အချင်းများနှင့် ပြည့်စုံရမည်-(သံ/လုပ်ထုံး၊ ၅၂)

(က)     သိက္ခာတော် အနည်းဆုံး(၂၀)ဝါမှ (၅၅)ဝါရှိပြီးဖြစ်ရမည်၊

(ခ)       ပရိယတ္တိဝိသာရဒ၊ ပိဋကတ္တယဆေက ဂုဏ်နှင့် ပြည့်စုံရမည်။

(ဂ)       ရဟန်းရှင်လူအများတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက်ရမည်၊

(ဃ)     သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)       ခမာ၊ ဇာဂရိက စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်၊

(စ)       ရွေးကောက်တင်မြှောက်ရာ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း၌ ဝါကပ် သီတင်းသုံးသောပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဆ)     မိမိအပေါ် ကျရောက်လာသော တာဝန်ဝတ္တရားများကို ဧကန်မုချ ဆောင်ရွက် နိုင်စွမ်းရှိသော ပုဂ္ဂိုလ်များဖြစ်ရမည်၊

(ဇ)       တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ သံဃာများ၊ ဂိုဏ်းများကို စုစည်း ညီညွတ်စေလိုသော ဆန္ဒရှိရမည်၊

(ဈ)      အဂတိတရား လိုက်စားခြင်းမှ ရှောင်ကြဉ်ရမည်၊

(ည)     ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်း စသော အကြောင်းတစ်စုံတစ်ရာ ကြောင့် မိမိဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်း မခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဋ)       အကျင့်စာရိတ္တနှင့်စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဌ)       အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ တက္ကသီလဓမ္မာစရိယ၊ ဝိနယဝိဒူ တစ်ခုခုကို အောင်မြင်ရမည်။ ယင်းဘွဲ့ရ ပုဂ္ဂိုလ်များမရှိပါက သင့်လျော်သောပုဂ္ဂိုလ်ကို ရွေးချယ်ရမည်။

မှတ်ချက်။      ။       သီးခြားဂိုဏ်းများ၌ မြို့နယ်သြဝါဒါစရိယဆရာတော်ကို ဤလုပ်ထုံးလုပ်နည်း နှင့်အညီ သတ်မှတ်ထားရှိနိုင်သည်။