တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့

၁။       တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်ဆိုသည်မှာ မြို့နယ်သံဃာ့ဝန်ဆောင်များက ရွေးချယ် တင်မြှောက် သော သံဃာ့ဝန်ဆောင်များကို ဆိုသည်။(သံ/စည်း၊၂-ဍ)

၂။         မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များသည် မိမိတို့အထဲမှ တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန် ဆောင်များ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်ကြရမည်။ (သံ/စည်း၊၂၄)

၃။        တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်များ၏ အစည်းအဝေးကို အနည်းဆုံး ၁-နှစ် ၁-ကြိမ် ကျင်းပ ရမည်။ (သံ/စည်း၊၆၂)

၄။        တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်များ၏ သက်တမ်းပြည့်အစည်းအဝေးကို တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ဟောင်းက ဦးဆောင်ပါဝင်၍ ကျင်းပရမည်။(သံ/စည်း၊၆၃)

၅။        တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်များ၏ သက်တမ်းပြည့်အစည်းအဝေးကို တိုင်းဒေသကြီး /ပြည်နယ်သံဃနာယကအဖွဲ့ဟောင်းက ဦးဆောင်ပါဝင်၍ ကျင်းပရမည်။ (သံ/စည်း၊၆၄)

၆။      တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်၏ သက်တမ်းသည် တိုင်းဒေသကြီး/ပြည်နယ် သံဃာ့ဝန်ဆောင်အသစ်ကို ရွေးချယ်ပြီးသည်အထိဖြစ်သည်။(သံ/စည်း၊၈၄)