နိုင်ငံတော်သြဝါဒါစရိယအဖွဲ့

၁။

နိုင်ငံတော်သြဝါဒါစရိယအဖွဲ့ဆိုသည်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွေးချယ်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က အတည်ပြု ဖွဲ့စည်းပေးသော သြဝါဒါစရိယအဖွဲ့ကို ဆိုသည်။ (သံ/စည်း၊ ၂-ဒ)

၂။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သင့်လျော်သော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ပါဝင်သည့် နိုင်ငံတော်သြဝါဒါစရိယအဖွဲ့ စာရင်းတစ်စောင်ကို ပြုစု၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး အတည်ပြုချက် ရယူဖွဲ့စည်းရမည်။ (သံ/စည်း၊ ၃၀)

၃။

နိုင်ငံတော်သြဝါဒါစရိယ၏ သက်တမ်းကို သတ်မှတ်ခြင်းမပြု။(သံ/စည်း၊ ၉၀)

၄။

နိုင်ငံတော်သြဝါဒါစရိယအဖွဲ့ကို ဆရာတော်ကြီး ၅၅-ပါးမှ ၁၁၁-ပါးအထိ ပါဝင်စေ၍ ရွေးချယ်ဖွဲ့စည်းရမည်။ (သံ/လုပ်ထုံး၊ ၆)

၅။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ သံဃာ့ဂိုဏ်းအသီးသီးရှိသော်လည်း ထိုဂိုဏ်း အသီးသီးသည် ဂိုဏ်းအလိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်သြဝါဒါစရိယအဖွဲ့များကို ဖွဲ့စည်းခွင့်မရှိ။ (သံ/လုပ်ထုံး၊ ၇)

၆။
(က)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဂိုဏ်းအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ညှိနှိုင်းပြီးနောက် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များထဲမှသော် လည်းကောင်း၊ ပြင်ပဆရာတော်များထဲမှသော်လည်းကောင်း နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းတစ်စောင်ကို ပြုစု၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းရမည်၊

(ခ)

အခြေခံဒေသရှိ ရဟန်းတော်များ အရေအတွက်ပေါ်မူတည်၍ နိုင်ငံတော်သြဝါဒါစရိယ အရေအတွက်ကို အချိုးကျ သတ်မှတ်ရမည်၊

(ဂ)

အချိုးမမီသဖြင့် သြဝါဒါစရိယ လုံးဝမရသော သီးခြားဂိုဏ်းများအတွက် အများဆုံး ရသော သုဓမ္မာဂိုဏ်းမှ တစ်ပါးစီမျှ၍ ရွေးချယ်ရမည်။ (သံ/လုပ်ထုံး၊ ၈၃)

၇။

တင်သွင်းသော နိုင်ငံတော်သြဝါဒါစရိယဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးက များရာသံဃာ့ဆန္ဒဖြင့် အတည်ပြုရမည်။ (သံ/လုပ်ထုံး၊ ၈၄)

 

နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်၏ အရည်အချင်းများ

၈။

နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က)

သိက္ခာတော် အနည်းဆုံး (၄၅)ဝါရှိရမည်၊

(ခ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အမြဲသီတင်းသုံးနေထိုင်သောပုဂ္ဂိလ် ဖြစ်ရမည်၊

(ဂ)

ပရိယတ္တိဝိသာရဒ၊ ပိဋကတ္တယဆေကဂုဏ်နှင့် ပြည့်စုံရမည်၊

(ဃ)

ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက်သောပုဂ္ဂိုလ် ဖြစ်ရမည်၊

(င)

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(စ)

ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်၊

(ဆ)

ပေါ်ပေါက်လာသော ပြဿနာများကို ပြေလည်အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်သော စွမ်းရည်သတ္တိရှိရမည်၊

(ဇ)

သံဃာ့ဂိုဏ်းများကို စည်းလုံးညီညွတ်စေလိုသော ဆန္ဒရှိရမည်။

 

စဉ် တိုင်းဒေသကြီး/ ပြည်နယ် ဂိုဏ်း ရဟန်းပေါင်း ရသင့်သည့် အရေအတွက်
ကချင် ၁၃၄၃
ကယား ၂၆၀
ကရင် ၄၅၁၈
ချင်း ၇၀
စစ်ကိုင်း ၁၂၃၃၈ ၁၁
တနင်္သာရီ ၂၄၇၈
ပဲခူး ၁၀၆၉၆
မကွေး ၁၀၀၁၀
မန္တလေး ၂၀၃၅၁ ၁၇
၁၀ မွန် ၉၂၆၄
၁၁ ရခိုင် ၃၁၉၂
၁၂ ရန်ကုန် ၁၅၁၀၈ ၁၃
၁၃ ရှမ်း ၁၀၂၃၆
၁၄ ဧရာဝတီ ၉၇၆၄
၁၅ ရွှေကျင် ၉၆၀၉
၁၆ မဟာဒွါရ ၁၇၉၅
၁၇ ဝေဠုဝန် ၁၁၈၅
၁၈ မူလဒွါရ ၉၇၃
၁၉ မဟာရင် ၄၂၈
၂၀ ငှက်တွင်း ၃၄၂
၂၁ ဂဏဝိမုတ် ၂၇၅
၂၂ အနောက်ချောင်းဒွါရ ၁၁၁
စုစုပေါင်း ၁၂၄၃၁၉ ၁၁၁

 

ရည်ညွှန်းချက်။ ။           သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၄) အပိုဒ် ၃၀၊ သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း(၆)၊ အပိုဒ် ၃၂၊ ၃၃၊ ၃၄၊ အခန်း(၁၂) အပိုဒ် ၈၅၊ ၉၁(က)၊ ၉၂။

(သံဃနာယကလက်စွဲ၊ စာမျက်နှာ ၂၂-၂၃)

Previous Page