သီးခြားသံဃဝိနိစ္ဆယအဖွဲ့(ဝိနိစ္ဆယလက်စွဲ)

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၃၁၅။      နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်၊ နိုင်ငံတော် သြဝါဒါစရိယဆရာတော် တစ်ပါးပါးသည် အန္တိမဝတ္ထုဖြင့် စွပ်စွဲခံရသော စုဒိတကဖြစ်လျှင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကသာ လက်ခံဆောင်ရွက်ရမည်။

၃၁၆။      နိုင်ငံတော်သံဃမဟာနယကအဖွဲ့ အလှည့်ကျအဖွဲ့ခွဲသည် အပိုဒ်(၃၁၅)အရ လက်ခံဆောင်ရွက်သော အနုဝါဒါဓိကရုဏ်းမှုကို ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၇(က)အရ သီးခြားသံဃဝိနိစ္ဆယ အဖွဲ့ကို ပုံစံ(၁၆)ဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၁၇။      သီးခြားသံဃဝိနိစ္ဆယအဖွဲ့သည် မူလမှုဖြစ်သည့်အားလျော်စွာ စောဒက၊ စုဒိတကနှင့် နှစ်ဖက်သက်သေများကို ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်း ဝိနိစ္ဆယလက်စွဲတို့နှင့်အညီ ခေါ်ယူစစ်ဆေး ဆုံးဖြတ်ရမည်။

၃၁၈။      သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်သော စောဒက/စုဒိတကသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အယူခံဝင်ရောက်နိုင်သည်။

 

နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ (ဝိနိစ္ဆယလက်စွဲ)

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၃၁၉။      သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံဝင်ရောက်လာပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အလှည့်ကျအဖွဲ့ခွဲသည် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်း ၅၇(ဂ) နှင့်အညီ နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ကို သတ်မှတ်ထားသော ပုံစံ(၁၈)ဖြင့် ဖွဲ့စည်းပေးရမည်။

၃၂၀။      နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံစောဒနာဝင်ခွင့် မရှိစေရ။

 

နိုင်ငံတော်သီးခြားဝိနည်းဓိုရ် (ဝိနိစ္ဆယလက်စွဲ)

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၃၂၁။      နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် အောက်ဖော်ပြပါ နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့်သာ ဖွဲ့စည်းရမည်-

(က)  ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၆(ဃ)အရ သတ်မှတ်ထားသော ပုံစံ(၁၅) ဖြင့် ဖွဲ့စည်းသော နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့။

[ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၆(ဃ)- ယင်းမှုခင်းကို သံဃဝိနိစ္ဆယအဖွဲ့ သစ်ဖြင့် စစ်ဆေးဆုံးဖြတ်စေရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ယခင်ဆုံးဖြတ် ခဲ့သည့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့မှ ၂ပါး၊ အခြားနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၃ပါး၊ စုစုပေါင်း ၅ပါးတို့ဖြင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကို သတ်မှတ်ထားသည့် နောက်ဆက်တွဲပုံစံ (၁၅)ဖြင့် ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်း၍ စစ်ဆေး ဆုံးဖြတ်စေရမည်။]

(ခ)    ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၇(င)အရ သတ်မှတ်ထားသော ပုံစံ(၁၉) ဖြင့် ဖွဲ့စည်းသော နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့။

[ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၆(င)အရ– ယင်းနိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့သည် သက်ဆိုင်ရာအမှုတွဲအပြည့်အစုံကို လေ့လာသုံးသပ်၍ စောဒက/ စုဒိတကနှစ်ဖက်သက်သေများကို မခေါ်ယူဘဲသော်လည်းကောင်း၊ ခေါ်ယူ၍သော် လည်းကောင်း လိုအပ်သလို စစ်ဆေးဆုံးဖြတ်နိုင်သည်။]

 

 

နိုင်ငံတော်အဆင့် ဝိနည်းဓိုရ်များ

၃၄၁။      နိုင်ငံတော်အဆင့် ဝိနည်းဓိုရ်များမှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များဖြစ်သဖြင့် အထူးရွေးချယ်ရန် မလို။

၃၄၂။      နိုင်ငံတော်အဆင့် ဝိနည်းဓိုရ်များကို အမှုကိစ္စရပ်အလိုက် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း များအပိုဒ် ၁၆(ခ)အရ [အယူခံစောဒနာဝင် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၊ သီးခြားသံဃဝိနိစ္ဆယအဖွဲ့နှင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့တို့ကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များထဲမှ သင့် လျော်သော အရေအတွက်ဖြင့်]အခါအားလျော်စွာ ဖွဲ့စည်း၍ ပြန်တမ်းများ ထုတ်ပြန်ရမည်။

၃၄၃။      ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများအပိုဒ်(၂၀)အရ [မြို့နယ်သံဃနာယကဆရာတော်များ၊ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကဆရာတော်များ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၊ သြဝါဒါစရိယဆရာတော်များ] ကန့်သတ်တားမြစ်ထားသော ဆရာတော် များအား ဝိနည်းဓိုရ်အဖြစ် ရွေးချယ်ခြင်း မပြုရ။

၃၄၄။      တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်း အပိုဒ်(၁၇)၊ အပိုဒ်ခွဲ(စျ၊ ည၊ ဋ၊ ဌ၊ ဍ)အရ [အဂတိတရား လိုက်စားမှု ထင်ရှားခြင်း၊ ပရိဝါပါဠိတော် အပရဂါထာသင်္ဂဏိက ဝေါဟာရ၀ဂ်လာ အလဇ္ဇီလက္ခဏာစသည်တို့ကို အစဉ်မပြတ် ပြုမူနေခြင်း၊ လာဘ်ယူမှု ထင်ရှားခြင်း၊ ပေးအပ်သည့် တာဝန်ကို အကြောင်းမလုံလောက်ဘဲ ၃ကြိမ် မဆောင်မရွက် ပျက်ကွက်ခြင်း၊ ပင့်ခေါ်သော်လည်း မလာမရောက်ခြင်း၊ တာဝန်ကို ကျေပွန်ကောင်းမွန်စွာ မဆောင်ရွက်ခြင်းစသည်ဖြင့် သံဃာ့အဖွဲ့အစည်းကို မလေးစားသည့်သဘော ထင်ရှားခြင်း] ပျက်ယွင်းခြင်းဖြစ်ခဲ့လျှင် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးသော ဝိနည်းဓိုရ် ဆရာတော်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေး ရမည်။

၃၄၅။      စစ်ဆေးရေးအဖွဲ့က စစ်ဆေးသည့် ဆုံးဖြတ်ချက် အစီရင်ခံစာအရ စွပ်စွဲသည့်အတိုင်း အရည်အချင်းပျက်ယွင်းကြောင်း ထင်ရှားပါက ဝိနည်းဓိုရ်စာရင်းမှ ပယ်ဖျက်ရမည်။

၃၄၆။      ဝိနည်းဓိုရ်ဆရာတော်အား ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းအပိုဒ်(၁၇)(၁၈)အရ အရည် အချင်း ပျက်ယွင်းမှုကြောင့် ဝိနည်းဓိုရ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ အစီရင်ခံစာ တင်ပြပြီး မိတ္တူများကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ရမည်။