သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ရမည်းသင်းမြို့တို့ရှိ ဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာများအား ဖူးမြော်ကြည်ညိုပြီး ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား
၂-၆-၂၀၂၁ ရက်နေ့၊ ၁၂ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အထက (၁) ၌ ကျင်းပပြုလုပ်သော အစိုးရ ဓမ္မာစရိယစာဖြေဌာနသို့ သွားရောက်ပြီး ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်၍ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၅ သိန်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ဓမ္မာစရိယစာဖြေ သံဃာတော် များအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ပါသည်။ […]
![]()
