နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးတို့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင်၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားချီးမြှင့်

၁-၁၀-၂၀၂၀ ၊ ရန်ကုန် မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ Covid-19 ကပ်ရောဂါဘေးကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ (၁-၁၀-၂၀၂၀ ရက်နေ့)၊ ၀၇ ၂၀ အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် […]

Loading

» Read more

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများ COVID-19 ရောဂါအန္တရာယ် ကင်းပျောက်စေရေး ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်

၂၂-၉-၂၀၂၀ (၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်)ရက်နေ့၊ ၀၈ ၃၀ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် ၁၀ ပါးတို့က ကမ္ဘာနိုင်ငံ အနှံ့အပြားနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါအန္တရာယ် ကင်းပျောက် စေရေးအတွက် မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန

Loading

» Read more
1 12 13 14