၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း […]