ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတွင် Covid-19 ဖြစ်ပွားသော ရဟန်း၊ သံဃာတော်များ ဆေးကုသမှုအခြေအနေ
၁။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် Covid-19 ရောဂါဖြစ်ပွားနေသော ရဟန်း၊ သံဃာတော်များဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ၂။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များအတွက် အောက်ပါအတိုင်းစီမံ ဆောင်ရွက်လျက်ရှိပါသည်- (က) Covid-19 ရောဂါဖြင့်ဆေးကုသမှုခံယူနေကြသည့် ရဟန်း၊ သံဃာတော်များအား အရုဏ်ဆွမ်း၊ […]
![]()
