သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း
၁၇-၈-၂၀၂၁ ရက်နေ့၊ အင်္ဂါနေ့၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နန်းဦးပရိယတ္တိစာသင်တိုက်၌ ဇမ္ဗူသီရိမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယက အဖွဲ့(ဥက္ကဋ္ဌ)၊ ညောင်ကုန်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော […]