![]()
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ မျက်ပါးရွှေဆိုင်းများ ဝယ်ယူမည့် အစီအမံများအပေါ် ဝမ်းမြောက်စွာ သာဓုခေါ်ဆို
၁။ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေဆိုင်းလုပ်ငန်းများ ရပ်နားထားရသည်မှာ ၆ လခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် ရွှေဆိုင်းလုပ်သားများနှင့် ရွှေဆိုင်းလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိကြောင်း “ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း”၏ တင်ပြချက် အပေါ် ကုသိုလ်ယူဆောင်ရွက်ပေးရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဂေါပက အဖွဲ့များသို့ အကြောင်းကြားခဲ့ပါသည်။ ၂။ ယင်းသို့ တိုက်တွန်းနှိုးဆော်ချက်အရ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က စွယ်တော်ဦးရွှေဆိုင်း လုပ်ငန်း၊ သကျနန္ဒီရွှေဆိုင်းလုပ်ငန်း၊ ဇင်ယော်ရွှေဆိုင်းလုပ်ငန်း၊ ရွှေယင်းမာရွှေဆိုင်းလုပ်ငန်းနှင့် ရှင်သန်ဆဲဒြပ်မဲ့ […]
![]()
